တရုတ်နှင့်မြောက်ကိုရီးယား နယ်စပ် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်မည်

တရုတ်နှင့်မြောက်ကိုရီးယား နယ်စပ် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ။      ။ တရုတ်နှင့် မြောက်ကိုရီးယားတို့သည် နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုကို ဖွင့်လှစ်မည်ဟု တရုတ်နိုင်ငံ ပိုင်မီဒီယာများက ဇူလိုင် ၁၃ တွင် ပြောကြားခဲ့သည်။ ယင်းမှာ နှစ်နိုင်ငံကြားတင်းမာမှုရှိနေသော်လည်း စီးပွားရေး ဆက်ဆံမှုမြင့် တင်ရန်နောက်ဆုံး ကြိုးပမ်းမှုဖြစ်သည်။

လျောင်နင်းပြည်နယ်၊ အရှေ့မြောက်ပိုင်းရှိ တန်တောင်းမြို့ရှိ ကိုမင်းဝန်ကုန်သွယ်ရေးဇုန်ကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဟုမျှော်လင့် ရကြောင်း မြို့ရှိ ကုန်သွယ်ရေးအရာရှိများ၏ ပြောကြားချက်ကို ကိုကား၍ နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်ဟွာ ကဖော်ပြ ခဲ့သည်။ အဆိုပါအစီအစဉ်ကို အတည်ပြုပြီးပြီဟုလည်း ယင်းအရာရှိများက ပြောကြားခဲ့သည်။

" နယ်စပ်နှင့် ကီလိုမီတာ ၂၀ အတွင်းနေ သူများသည် ကုန်စည်များကို လဲလှယ်နိုင် လိမ့်မည်ဖြစ် ပြီးမြောက်ကိုရီးယားမှပြည်သူ များသည် အကောက်ခွန်လွတ်ပြီး တစ်နေ့ကို ယွမ် ၈,၀၀၀ဘိုးအထိလဲလှယ်နိုင်မည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသညိ အထီးကျန်ပြီး စီးပွားရေးမှာလည်း သေးငယ်သည်။ တရုတ်မှလွဲ၍ ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုအားနည်း သည်။ တရုတ်သည်သာ ဆယ်စုနှစ်များစွာ မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်ပြီး အဓိကကုန်သွယ်ရေးပါတနာလည်းဖြစ်သည်။

တရုတ်နှင့် တောင်ကိုရီးယားကြား ဆက်ဆံရေးပိုမိုနီးကပ်လာစဉ် တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးမှာ မကြာသေးမီနှစ်များ အတွင်း ဆက်ဆံရေးတင်းမာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly