တရုတ်၌ တစ်ပတ်အတွင်း ဒုတိယမြောက်တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မည်ဟု သတိပေးချက်များ ထုတ်ပြန်ထား

တရုတ်၌ တစ်ပတ်အတွင်း ဒုတိယမြောက်တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မည်ဟု သတိပေးချက်များ ထုတ်ပြန်ထား

ပေကျင်း၊ စက်တင်ဘာ ၁၇ ။               ။ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ပြည်နယ်များတွင် အားပြင်းမုန်တိုင်းတိုက်ခိုက်ပြီးစီးသာ ရှိသေးသည့် အချိန်၌ နောက်ထပ်တိုင်ဖုန်းမုန်တိုင်း မာလာကတ်စ် တိုက်ခိုက်နိုင်သည်အတွက် စက်တင်ဘာ ၁၇ ရက်တွင် အဝါရောင်သတိပေးချက်အဆင့် ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

မာလာကတ်စ်မုန်တိုင်းသည် ယခုနှစ်တိုင်ဖုန်းမုန်တိုင်းရာသီအတွင်း ၁၆ ခုမြောက်တိုက်ခတ်သည့် မုန်တိုင်းဖြစ်သည်။ စက်တင်ဘာ ၁၅ ရက်က Fujian ပြည်နယ်သို့ မာရန်တီမုန်တိုင်း တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ မာလာကတ်စ်မုန်တိုင်းဝင်ရောက်နိုင်မှုအတွက် သတိပေးချက်များ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မာရန်တီမုန်တိုင်း တိုက်ခတ်မှုအတွင်း တရုတ်နှင့် ထိုင်ဝမ်တို့၌ လူပေါင်း ၁၁ ဦး အနည်းဆုံးသေဆုံးကာ အိမ်ထောင်စုပေါင်း တစ်သန်းကျော်ထက်မနည်း လျှပ်စစ်မီးပြတ်တောက်ကုန်သည်။

ယင်းမာရန်တီမုန်တိုင်း မတိုက်ခတ်မီက အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်။

မာလာကတ်စ်မုန်တိုင်းသည် ထိုင်ဝမ်နယ်မြေအချို့ကို ဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံ Zhejiang နှင့် Fujian ပြည်နယ်ကမ်းခြေများသို့ ဝင်ရောက်ကာ မိုးများ သည်းထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း ဆင်ဟွာသတင်းဌာနက တရုတ်အမျိုးသားမိုးလေဝသဌာနကို ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly