လူကယ်ပြန်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (အပိုင်း-၂)

လူကယ်ပြန်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (အပိုင်း-၂)
ဦးနေဝင်း (ဒုတိယအမြဲတမ်းအတွင်းဝန်)
 
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး)

ပထမတစ်ပိုင်း ပြောသွားတဲ့အထဲမှာ မသန်စွမ်းတွေက အခုလို သဘာဝဘေးအန္တရာယ် ဖြစ်တဲ့အခါမှာ ကိုယ့်ရဲ့အိမ်တွေမှာ နေပြီးတော့ လာရောက်ကယ်ဆယ်တဲ့သူတွေ နည်းသွားတယ်ပေါ့။ အဲဒါက ဘာဖြစ်လည်းဆိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဖွဲ့စည်းပုံအရ ကျွန်တော်တို့က ဝန်ကြီးဌာနတစ်ခုလုံး လူမှုဝန်ထမ်း ဦးစီးဌာနရော ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေး ဦးစီးဌာနရော တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူအင်အားက နှစ်ထောင်ကျော် သုံးထောင်တောင် မပြည့်ပါဘူးခင်ဗျ။ ကယ်ဆယ်ရေးဝန်ကြီးဌာနဆိုရင် ကျွန်တေ်ာတို့က ခရိုင်ရုံးတောင်မှ ကျွန်တေ်ာတို့က အပြည့်အဝ မဖွင့်နိုင်သေးဘူး။ အဲဒီတော့ မြို့နယ်ဆိုရင်တော့ ပိုဝေးတာပေါ့။ အဲတော့ ကျွန်တော်တို့က လူအင်အား နည်းတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ထဲထဲဝင်ဝင် ရပ်ရွာထဲအထိ မဆင်းနိုင်ဘူးပေ့ါ။

ကျွန်တော်တို့က ခုနက ဆွေးနွေးခဲ့တဲ့အတိုင်းပဲ လူငယ်တွေနဲ့ ကျွန်တေ်ာတို့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဇွန်လ ၁၃ရက်နေ့မှာ မုံရွာမှာ ပြုလုပ်ခဲ့တဲ့ လူငယ်တွေ့ဆုံကော်မတီအဖွဲ့တွေနဲ့  ကော်မတီအဖွဲ့တွေနဲ့ လူငယ်များ ရွေးချယ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အလားတူပဲ ဇူလိုင်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာလည်း မူဝါဒရေးဆွဲဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေကို ဝန်ကြီးဌာနမှာ ကျွန်တော်တို့ ခေါ်ပြီးတော့ လုပ်ခဲ့ပါတယ်။ သူတို့တွေနဲ့ ကျွန်တော်တို့ အခုလို ချိတ်ဆက်မိပြီဆိုရင် သူတို့ကလည်း ကျွန်တော်တို့အပေါ် ယုံကြည်လာမယ်။ ကျွန်တော်တို့ကလည်း သူတို့ကို အားကိုးလာမယ်။ အဲလိုမျိုးတွေက တဖြည်းဖြည်းနဲ့ မြန်ဆန် သွက်လက်လာမယ်ဆိုရင် ခုနကပြောတဲ့ မရောက်နိုင်ဘူူးဆိုတဲ့ ခုနက မသန်စွမ်းတွေရှိနေတဲ့ အိမ်တိုင်ရာရောက်ကို သူတို့တွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုလို့ ယူဆပါတယ်။

ဒေါ်ဖြူလဲ့လဲ့ထွန်း (ညွှန်ကြားရေးမှူး)
 
ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
 
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန 
 

အဲဒီမှာလည်း ဆရာပြောတဲ့ Mobile Application မှာက မသန်စွမ်းတွေအတွက် အသုံးပြုလို့ရနိုင်မယ့် စနစ်ပါလား မပါလားပေါ့နော်။ အဲဒါကလည်း ကျွန်မတို့က ရက် ၁၀၀ စီမံချက် ကာလကစပြီးတော့ Mobile Application ကို အခုမှစပြီးတော့ ရေးဆွဲပြီးတော့ သုံးစွဲတာပေါ့နော်။ သုံးဆွဲတဲ့အခါမှာ နှစ်ခုရှိတယ်။ တစ်ခုကတော့ ဆရာရှင်းပြီးသွားပါပြီ။ ကိုပို Application ကကျတော့   ဒေတာ အချက်အလက်ကို ကျွန်မတို့က ရယူတာပါ။ ဘေးဖြစ်တဲ့ဒေသမှာ မည်သူမဆို ဒီ Application ကို သုံးပြီးတော့ ဒီနေရာမှာတော့ မီးလောင်တယ် အိမ်ဘယ်နှစ်လုံးပါသွားတယ်။ လူဦးရေက ဘယ်လောက် အချက်အလက်ပေးတဲ့ Application တစ်ခုပေါ့။ နောက်တစ်ခုကကျတော့  ကျွန်မတို့ရဲ့ ဘေးအန္တရယ်ဖြစ်တဲ့ သတင်းအချက်အလက်ကို ပြည်သူတွေကိုဖြန့်ဝေတာပေါ့။ အခု ကျွန်မတို့က ရက် ၁၀၀ ကာလမှာတော့ စပြီးတော့ ရေးဆွဲတယ်။ ကိုပိုကတော့ ပြီးပြီပေါ့။ စမ်းသပ်ပြီးတော့လည်း သုံးစွဲနေပါပြီ။ ခုနကပြောတဲ့ DAN ဆိုတဲ့ Application ကတော့ ပြီးပါပြီ။ စပြီးတော့ စမ်းသပ်ပြီးတော့ မသုံးစွဲ ရသေးပါဘူး။ ကျွန်မတို့ကလည်း အခုမှ အစဆိုတော့ ဆရာပြောသလို မသန်စွမ်းနဲ့ပတ်သက်ပြီးတော့ အသုံးပြုနိုင်မယ့် အသံနဲ့နားထောင်တဲ့စနစ်ပေါ့  အဲဒါတော့ မပါသေးပါဘူး။ ကျွန်မတို့က ရှေ့ဆက်ပြီးတော့ တဖြည်းဖြည်း လူတိုင်းအသုံးပြုနိုင်တဲ့ အခြေအနေမျိုးရောက်အောင်တော့ ဆောင်ရွက်သွားဖို့တော့ ရှိပါတယ်။

စီမံချက်က အခုဆွေးနွေးရင်းလည်း တချို့လည်း ပါသွားပြီပေါ့နော်။ အဲဒီအထဲမှာမှ ဆရာတို့အနေနဲ့ ဒီ အားရကျေနပ်မှုနဲ့ စိမ်ခေါ်မှုလေးတွေ စီမံချက်တစ်ခုချင်းစီမှာ အလုပ်လုပ်ရတဲ့ အထဲမှာ အားရကျေနပ်မှုရှိတယ်ဆိုတဲ့ အပိုင်းပေါ့နော်။ တချို့ လိုအပ်ချက်လေးတွေလည်း ရှိကောင်း ရှိနိုင်ဦးမှာပါ။ အဲတော့ ဒီလုပ်ငန်းတွေအပေါ်မှာ ဘယ်လောက် အားရကျေနပ်မှုရှိလည်းပေါ့ တချို့တွေကလည်း မပြီးသေးဘူးပေါ့နော်။ အဲဒါကို ဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိမလဲပေါ့။

ဦးနေဝင်း ( ဒုတိယ အမြဲတမ်း အတွင်းဝန်)

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး )

ခုနက ကျွန်တော်တို့ ပြောသလိုပါပဲ။ ကျွန်တော်တို့ ဦးစီးဌာနနှစ်ခုလုံးက အဓိကကတော့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖွဲ့စည်းပုံတွေကိုလည်း ပြင်ဆင်ပြီးတော့ ဖွဲ့ဖို့ ကျွန်တော်တို့ တင်ထားပါတယ်။ အဓိကကတော့ ဒါတွေက ကျွန်တေ်ာတို့ လူအင်အား အပြည့်အဝနဲ့ တင်ထားတဲ့အတိုင်း ကျလာမယ်ဆိုရင်တော့ ထပ်မံရောက်ရှိလာမယ့် ဝန်ထမ်းအသစ်တွေကို သင်တန်းတွေပေးမယ်။ အရည်အချင်းတွေတက်လာအောင် သင်တန်းတွေပေးပြီးတဲ့အခါကျတော့ ဖြန့်ဝေပြီးတော့ ခန့်ထားနိုင်မယ်ဆိုရင်တော့ ကိုယ့်လူနဲ့ကိုယ် အောက်ခြေထိ ဆင်းပြီးတော့လုပ်ရရင် ပိုအဆင်ပြေတယ်ပေါ့။ အခု ကျွန်တော်တို့မှာ ကယ်ဆယ်ရေးပစ္စည်းတွေမှာ လူမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဘယ်ကို အကူအညီတောင်းရလဲဆိုတော့ ထွေအုပ်ကို အကူအညီ   တောင်းရတယ်ပေါ့။ သူတို့တွေကမှ ပြည်သူတွေလက်ထဲကို ရောက်ရှိအောင် ဖြန့်ခွဲမှုတွေကိုလည်း ပြန်တင်ပြမှ ရတာပေါ့နော်။ ကိုယ်ကိုယ်တိုင် မသွားနိုင်ဘူး။ လူအင်အားမရှိတဲ့အတွက်ကြောင့်ပေါ့။ အဲဒါမျိုးသာ ဖွဲ့စည်းပုံ ဖွဲ့ပြီးတော့ လူအင်အားတွေ ထပ်ပြီးတော့ ခန့်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ တကယ့်ကို ထိထိရောက်ရောက်နဲ့ အောင်မြင်အောင် လုပ်နိုင်မှာပါ။

ဒေါ်ခင်သန္တာမြင့် (စီမံချက် မန်နေဂျာ)

Action Aid Myanmar

ကျွန်မအနေနဲ့ တကယ်တမ်း ပြောချင်တာကတော့ ဒီ ရက် ၁၀၀ နဲ့လည်း ပြီးသွားတာ မဟုတ်ဘူးပေါ့နော်။ အစိုးရသက်တမ်း ၅ နှစ်တာ ကာလအတွင်းမှာ မူဝါဒတစ်ခုအနေနဲ့ ကျွန်မတို့က လုပ်ကိုင်ဆောင်ရွက်ရမှာတွေ အများကြီး ရှိတယ်ပေါ့နော်။ ဥပမာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာတွေရော ကလေးသူငယ်တွေနဲ့ ပတ်သက်တာတွေ မသန်စွမ်းတွေနဲ့ ပတ်သက်တာတွေ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်တာတွေ နောက် လူငယ်တွေနဲ့ ပတ်သက်တာတွေပေါ့နော် ဒါတွေက ကျွန်မတို့ ရေရှည်လုပ်သွားရမယ့် လုပ်ငန်းတွေဖြစ်တယ်ပေါ့နော်။ အထူးသဖြင့်တော့ ဒီထဲမှာ ကျွန်မ အားရကျေနပ်တဲ့အပိုင်းဆိုရင်တော့ လူငယ်တွေနဲ့ ပတ်သက်တာပေါ့နော်။ ကျွန်မတို့ အဖွဲ့အစည်းတွေအနေနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့မှ လူငယ်မူဝါဒ ရေးဆွဲရေးကဏ္ဍမှာဆိုရင် ကျွန်မတို့လည်း ပူးပေါင်းပါဝင်ခဲ့တယ်။ နောက်တစ်ခုကကျတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဆယ်ကျော်သက်ညီလာခံမှာ ဆယ်ကျော်သက်ကလေးလေးတွေ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်တွေကို ခေါ်ပြိးတော့မှ နေပြည်တော်မှာ ညီလာခံလေး လုပ်ဖြစ်တယ်ပေါ့နော်။ ဒါကတော့ ပြည်နယ်တိုင်းဒေသ ၁၄ ခုကနေပြိးတော့ အထူးသဖြင့် ဝေးလံခေါင်သီတဲ့ဒေသက ဆယ်ကျော်သက်လေးတွေပါတယ်။ သူတို့တွေမှာ အခက်အခဲတွေက ဘာတွေရှိတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲပေါ့နော်။ သူတို့ပြဿနာတွေက ဘာတွေလဲပေါ့နော်။ အစိုးရဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်မယ်ဆိုလို့ရှိရင် ဘယ်လိုမျိုးတွေ လုပ်ကိုင်ဆောင်ရွက်ရမလဲပေါ့နော်။ ဒါတွေကို ကျွန်မတို့ လူမှုဝန်ထမ်းကနေ ဦးဆောင်ပြီးတော့မှ ကျွန်မတို့ လုပ်ကိုင်ခဲ့တယ်။ ဒါက ရက် ၁၀၀ အတွက်ကို ဆိုလိုတာမဟုတ်ဘူးပေါ့နော်။ ရေရှည်မှာ ကျွန်မတို့အနေနဲ့ တစ်ခု ပြန်စဉ်းစားသင့်ပြီပေါ့နော်။ အထူးသဖြင့်တော့ ပုံမှန်အားဖြင့် ၂၀၁၂   နောက်ပိုင်း ကနေပြီးတော့ ရေကြီးလာတယ် ကျွန်မ သတိထားမိတယ်။ ရေကြီးတဲ့အခါမှာ ကျွန်မတို့ ပြည်သူတွေအကုန်လုံးရော လူတွေအကုန်လုံးရော ကယ်ဆယ်ရေးကို ဇူလိုင်ကနေပြီးတော့ ဇူလိုင် သြဂုတ်က ကယ်ဆယ်ရေးတွေလုပ်ရတယ်။ လူမှုဝန်ထမ်းကလည်း အလုပ်တွေရှုပ်တယ်။ လူမှုဝန်ထမ်းကတော့ သူ့ရဲ့ဦးတည်ချက်ထဲမှာ ပါထားတဲ့အတွက် တာဝန်ယူပြီးတော့ လုပ်တယ်။   ပြည်သူလူထုအနေနဲ့လည်း ဝိုင်းဝန်းပြီးတော့ တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်ကြတယ်ပေါ့နော်။ ဒါဟာ ကျွန်မတို့လူတွေရဲ့ ပင်ကိုယ်စိတ်ထဲမှာ ရှိနေတဲ့အတွက် ကောင်းတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်မက တစ်ဖက်မှာ ပြန်စဉ်းစားတာက ကျွန်မတို့ အစိုး၇အနေနဲ့ သေသေချာချာ ဒီဟာကို စဉ်းစားဖို့ လိုတယ်ပေ့ါနော်။ ရေရှည်မှာပေါ့နော်။

အထူးသဖြင့်တော့ ၂၀၁၂ နောက်ပိုင်းမှာ ကျွန်မတို့ ရေတွေကြီးလာတယ်။ ရေကြီးလာတဲ့အခါမှာ ရေအားလျှပ်စစ်တွေ ပျက်လာတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ ကျွန်မတို့မှာ သစ်တောတွေ ပြုန်းတီးလာတယ်။ ဒီလိုမျိုး ဖြစ်ခဲ့တဲ့အခြေအနေကြောင့် နောက်ပိုင်းမှာ အခု ၂၀၁၂ နောက်ပိုင်းမှာ ဒီလိုမျိုးတွေ သဘာဝဘေးအန္တရာယ်တွေက ကြုံတွေ့လာတယ်ပေါ့နော်။ နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ ဇူလိုင်ရောက်ပြီဆိုတာနဲ့ ရေကြီးလာတော့ လူတိုင်းက စိတ်မချမ်းမသာဖြစ်ရတယ်။ ပြီးရင် လူတိုင်းက ကလေးရော လူကြီးပါမကျန် ရန်ကုန်မှာ ကားကြိုကားကြားမှာ လမ်းတွေမှာ စားသောက်ဆိုင်တွေမှာ ရပ်ကွက်တွေမှာ အလှူခံတွေထွက်ပြီးတော့မှ ကယ်ဆယ်ရေးကို လုပ်ကြတယ်ပေါ့နော်။ ဒါကတော့ လက်တလောမှာ   ဖြေရှင်းတာကတော့   ကောင်းပါတယ်။   ရေရှည်မှာဆိုလို့ရှိရင်တော့ နှစ်တိုင်း အဲလိုမျိုးကြီး ဘယ်သူက လုပ်နိုင်မှာလဲပေါ့နော်။ နောက်တစ်ခါကျတော့ ကျွန်မတို့ ရေရှည်အတွက်ကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေ ရှာဖို့အတွက် လိုအပ်တယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ပျက်စီးနေတဲ့စနစ်တွေကို ပြန်ပြီးတော့ ထိန်းသိမ်းဖို့ လိုအပ်တယ်ပေါ့နော်။ မြူနီစပယ်တွေ၊ သစ်တောတွေ နောက်ပြီးတော့ ဆောက်လုပ်ထားတဲ့ ဆည်တွေက အစပေါ့နော် ဒါတွေကို မွမ်းမံထိန်းသိမ်းပြီးတော့မှ ရေမကြီးဖို့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် သဘာဝဘေးအန္တရာယ်ဆိုတာက ရေကြီးတာတစ်ခုတည်းမဟုတ်ပါဘူး။ မီးလောင်တာတို့ ငလျင်လှုပ်တာတို့ ဒါတွေလည်းပါပါတယ်။ ဒါပေမယ့် ကျွန်မတို့စိတ်ထဲမှာက အမြဲတမ်း ပြည်သူတွေစိတ်ထဲမှာက ခံစားချက်တစ်ခုက ၂၀၁၂ နောက်ပိုင်းမှာ ဇူလိုင် သြဂုတ်ဆိုရင်တော့ လူတွေက ဒီအတွက်ကိုပဲ အာရုံစိုက်ကြတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်အနေနဲ့ကလည်း သုံးစွဲတဲ့အခါမှာ ဘယ်လိုပြောရမလဲ ကျွန်မရဲ့အမြင်ကို ပြောရမယ်ဆိုလို့ရှိရင် နစ်နာတယ်ပေါ့နော်။ ကျွန်မတို့ဖွံ့ဖြိုးရေး တခြားနေရာတွေမှာသုံးမယ့် ငွေကြေးတွေပေါ့နော် အဲဒါတွေက ကယ်ဆယ်ရေးဘက်ကိုပဲ ပိုပြီးတော့ ဦးတည်သွားရတယ်ပေါ့နော်။ ဒီလိုမျိုးပဲ ကယ်ဆယ်ရေးတွေကို လုပ်နေတဲ့အတွက် ကျွန်မအနေနဲ့ကတော့ အဓိက ပြဿနာကို ရှာပြီးသွားလို့ရှိရင် ရေရှည်မှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လာလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတာ ထည့်သွင်းစဉ်းစားပြီး လုပ်ဖို့က လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags