လူုနည်းစုများအတွက် ပတ်စ်ပို့ ထုတ်ပေးခြင်းကို တရုတ်တင်းကျပ်

လူုနည်းစုများအတွက် ပတ်စ်ပို့ ထုတ်ပေးခြင်းကို တရုတ်တင်းကျပ်
HRW မှ တရုတ်ရေးရာဒါရိုက်တာ ဆိုဖီရစ်ချတ်ဆင်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပေကျင်း၊ ဇူလိုင် ၁၃ ။      ။ တိဘက်လူမျိုးများနှင့် အခြားလူနည်းစုများအတွက် ခရီးသွားရန် အခက်အခဲဖြစ်စေသည့် ပတ်စ်ပို့ ထုတ်ပေးရာတွင် အဆင့်နှစ်ဆင့်ပါ စနစ်တစ်ခုကို တရုတ်အာဏာပိုင်များက ပြဋ္ဌာန်းလိုက်သည်ဟု နယူးယောက်အခြေစိုက် Human Rights Watch(HRW) လူ့အခွင့်အရေးအဖွဲ့က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

၎င်းစနစ်အရ တိဘက်၊ သို့မဟုတ် မွတ်စလင်များသည် အခြားနိုင်ငံသားများထက် ပိုမိုကျယ်ပြန့်သည့် စာရွက် စာတမ်း အထောက် အထားများ ပိုမိုလိုအပ်မည်ဖြစ်သည့်အပြင် ပတ်စ်ပို့ရရန် ငါးနှစ်အထိ စောင့်ဆိုင်းရနိုင်ပြီး ရှင်းလင်း ခြင်း မပြုဘဲ ချက်ချင်း ပယ်ချခံ ရနိုင်သည်ဟု ယင်းအဖွဲ့က ပြောကြားသည်။

လူနည်းစုများနေထိုင်သော အတိမ်းအစောင်းမခံသည့် နယ်စပ်ဒေသများတွင် မတည်မငြိမ်ဖြစ်မည်ကို တရုတ်က စိုးရိမ်လျက်ရှိရာ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော လူနည်းစုများအပေါ် အစိုးရက တင်းကျပ်သည့် ထိန်းချုပ်မှုများ ပြုလုပ်လျက်ရှိသည်။

ယခုပြဋ္ဌာန်းသည့် ပတ်စ်ပို့စနစ်မှာ သာဓကအားဖြင့် ပြည်ပတိမ်းရှောင် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားကပြုလုပ် သည့်ပြည်ပပွဲတစ်ခုသို့ တက်ရောက်ခြင်းကဲ့သို့ ဘာသာရေးလေ့လာမှု ဘုရားဖူးခြင်း ပုံစံ အချို့ဖြင့် ခရီးသွားခြင်းကို ရပ်တန့်ရန် အစိုးရ၏ ကြိုးပမ်းမှုဖြစ်သည်ဟု HRW ကပြောကြားသည်။

"တရုတ်အာဏာပိုင်တွေအနေနဲ့ ဒီလိုပြောင်ပြောင်တင်းတင်း ခွဲခြားဆက်ဆံတဲ့ ပတ်စ်ပို့စနစ်ကို အမြန် ပယ်ဖျက်သင့်ပါတယ်"ဟု HRW မှ တရုတ်ရေးရာဒါရိုက်တာ ဆိုဖီရစ်ချတ်ဆင်က ပြောသည်။

လူနည်းစုများအပေါ် ထားသည့် တရုတ်အပေါ် ဝေဖန်မှုများကို တရုတ်အစိုးရက အကြိမ်ကြိမ် ပယ်ချခဲ့ပြီး မဖွံ့ဖြိုးသောဒေသများ အတွက်  စီးပွားရေးဖွံ့ဖြိုးမှုရှိစေရန် ဆောင်ရွက်ပေးနေသည်ဟု ပြောကြား လျက်ရှိသည်။

၎င်းတို့၏ တွေ့ရှိချက်များမှာ တရားဝင် စာရွက်စာတမ်းများ၊ ဝက်ဘ်ဆိုက်များ၊ သတင်းအရင်းအမြစ်များ၊ လူမှုမီဒီယာများနှင့် တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှလူများနှင့် တွေ့ဆုံမေးမြန်းမှုများကို အခြေခံသည်ဟု HRW က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly