အီးယူ ပြန်လည်ထူ မတ်လာရေး ပြင်သစ်နှင့် ဂျာမနီ သဘောတူ

အီးယူ ပြန်လည်ထူ မတ်လာရေး ပြင်သစ်နှင့် ဂျာမနီ သဘောတူ

အီးယူ၊ စက်တင်ဘာ ၁၇ ။                ။ ဗြိတိန် နုတ်ထွက်သွားသည့်အတွက် မျက်ဖြူဆိုက်နေရသည့် အီးယူအဖွဲ့ကြီးအား ပြန်လည်ထူမတ်လာရေး ဦးစားပေးကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြင်သစ်နှင့် ဂျာမနီတို့ သဘောတူသည်။

ဆလိုဗာကီးယားမြို့တော် ဘရာတီစလာဗာမြို့တွင် အီးယူထိပ်သီး အစည်းအဝေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲကျင်းပရာ၌ ခေါင်းဆောင်နှစ်ဦးဖြစ်သော ဖရန့်ဆွာအော်လန်းနှင့် အိန်ဂျလာမာကဲလ် တို့က ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသည် ဗြိတိန်မပါဘဲ အဖွဲ့ဝင် ၂၇ နိုင်ငံဖြင့် ပထမဆုံးကျင်းပသော ထိပ်သီး အစည်အဝေးဖြစ်သည်။ ဂျာမနီဝန်ကြီးချုပ် မာကဲလ်နှင့်   ပြင်သစ်သမ္မတ   အော်လန်းတို့က   ရွှေ့ပြောင်းဝင်ရောက်သူများ အရေးသည်လည်း အဓိက ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ဘာကိုမှ ကြန့်ကြာအီလေးဆွဲနေမှာ မဟုတ်ဘူး။ ရွှေ့ပြောင်းဝင်ရောက်သူများ အရေးကိုလည်း အတူတကွ ဆောင်ရွက်သွားမှာဖြစ်တယ်။"ဟု သမ္မတအော်လန်းက ပြောသည်။

"လူဝင်မှုကြီးကြပ်ရေးကဲ့သို့ ကိစ္စရပ်များအပေါ် ဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားဖို့ကို ကျွန်မတို့တွေ သဘောတူခဲ့ပါတယ်။ ဥရောပရင်ဆိုင်နေရတဲ့ အခက်ခဲဆုံး ပြဿနာတွေကို ဖြေရှင်းရေးမှာ ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုတဲ့ ဘရာတီစလာဗာ သဘောထားကို ဖော်ဆောင်လိုက်ပါပြီ။"ဟုလည်း အိန်ဂျလာမာကဲလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly