အိုင်အက်စ်ဝါဒ ဖြန့်ခေါင်းဆောင်အား လေကြောင်းထိုးစစ်၌ သုတ်သင်နိုင်

အိုင်အက်စ်ဝါဒ ဖြန့်ခေါင်းဆောင်အား လေကြောင်းထိုးစစ်၌ သုတ်သင်နိုင်

ဒမတ်စကပ်၊ စက်တင်ဘာ ၁၇ ။                            ။ အမေရိကန်၏ ဆီးရီးယားက လေကြောင်းထိုးစစ် တစ်ခုအတွင်း အိုင်အက်စ်၏ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်သော ဝါအီအဒီဟာဆန်အား သုတ်သင်လိုက်နိုင်ကြောင်း ပင်တဂွန်က ပြောသည်။

ဒေါက်တာဝါအီအဖြစ်လည်း လူသိများသည့် ၎င်းသည် အိုင်အက်စ်အတွက် သတင်းဖြန့်ချိရေး ဝန်ကြီးအဖြစ် ဆောင်ရွက်နေသူဖြစ်ကာ သုတ်သင် သတ်ဖြတ်မှုများကို ပြသသည့် ဝါဒဖြန့်ချိရေး ဗီဒီယိုများကို ထုတ်လွှင့်ခဲ့သူဖြစ်သည်။

စက်တင်ဘာ ၇ ရက်က ရာကာမြို့အနီးတွင် လေကြောင်း ထိုးစစ်ဆင်နွှဲမှု၌ သုတ်သင်လိုက်ခြင်း ဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။ ဝါအီသည် ပြီးခဲ့သည့် လေကြောင်းထိုးစစ်အတွင်း သေဆုံးခဲ့သည့် အိုင်အက်စ်မဟာဗျူဟာချမှတ်သူ အဘူမိုဟာမတ် အယ်အက်နန်နီနှင့်လည်း နီးစပ်သူဖြစ်သည်။

"ခုလို အိုင်အက်စ်ခေါင်းဆောင် ပိုင်းတွေကို ဖယ်ရှား ရှင်းလင်းနိုင်တာက အိုင်အက်စ်အဖွဲ့ရဲ့ နယ်မြေသိမ်းပိုက်မှုတွေ၊ အစီအစဉ်တွေ၊ ဘဏ္ဍာရေးနဲ့ ဒေသအတွင်းအပြင် တိုက်ရိုက် တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ အားချည့်သွားစေပါတယ်။"ဟု ပင်တဂွန်၏ ပြန်ကြားရေးတာဝန်ခံ ပီတာကွတ်က ပြောသည်။

"နောက်ဆုံးအထိ အိုင်အက်စ်တွေကို တိုက်ခိုက်သွားဖို့ ညွန့်ပေါင်းမိတ်ဖက် နိုင်ငံတွေနဲ့အတူ လုပ်ဆောင်သွား မှာဖြစ်ပါတယ်။" ဟုလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags