အာရှရဲ့ အကြီးဆုံး တိုကျိုဂိမ်းပြပွဲကို စတင် ကျင်းပ

အာရှရဲ့ အကြီးဆုံး တိုကျိုဂိမ်းပြပွဲကို စတင် ကျင်းပ
(ဓာတ်ပုံ - အီးပီအေ)

ဂျပန်နိုင်ငံမြို့တော်အရှေ့ဘက် ချီဘားမှာ အာရှရဲ့ အကြီးဆုံး ဗီဒီယိုဂိမ်းပြပွဲ၊ ၂၀၁၆ တိုကျိုဂိမ်းပြပွဲကို ကြာသပတေးနေ့က စတင်ကျင်းပခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ မတ်ကူဟာရီမက်စီ ကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်မယ့် ဂိမ်းပြပွဲကို စံချိန်တင် ဂိမ်းကုမ္ပဏီ (၆၁၄) ခုက ၎င်းတို့ရဲ့ ဂိမ်းစုစုပေါင်း (၁,၅၂၃) ကို ပါဝင်ပြသကြတာဖြစ်ပါတယ်။

ပြသတဲ့ကုမ္ပဏီတစ်ဝက်လောက်ကတော့ ပြင်ပနိုင်ငံဖြစ်ပြီး ဒီပြပွဲကို လာရောက်ကြည့်ရှုသူ ၂၃၀,၀၀၀ ထိ မျှော်မှန်းထားပါတယ်။

၂၀၁၆ တိုကျိုဂိမ်းပြပွဲမှာတော့ အဓိကဆွဲဆောင်မှု တစ်ခုကတော့ Virtual Reality လို့ခေါ်တဲ့ အပြင်မှာ တကယ်မြင်နေရတဲ့အတိုင်း ကြည့်ရှုနိုင်တဲ့ နည်းပညာ headset တွေရဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly