ပါကစ္စတန် အနောက်မြောက်ပိုင်း ဗလီမှာ အသေခံဗုံးခွဲမှုကြောင့် လူ (၂၅) ဦး သေဆုံး

ပါကစ္စတန် အနောက်မြောက်ပိုင်း ဗလီမှာ အသေခံဗုံးခွဲမှုကြောင့် လူ (၂၅) ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က ဗလီတစ်ခုမှာ အသေခံဗုံးခွဲသမားတစ်ယောက်က တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ (၂၅) ဦး သေဆုံးပြီး ဒဏ်ရာရသူ (၅၀) ဦး ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန်နစ္စတန် နယ်စပ်အနီး၊ မိုမန်ခရိုင်ထဲက ကျေးရွာတစ်ရွာရှိ ဂူးလ်မိုဟာမက် ဗလီမှာ ဝတ်ပြုနေစဉ် အခုလို တိုက်ခိုက်ခဲ့တာလို့ ဒေသခံလုံခြုံရေး အရာရှိ ဂူလပ်ခမ်းက ပြောပါတယ်။

သောကြာနေ့ မွန်းလွဲပိုင်းက လူ (၂၀၀) ကျော် ဆုတောင်းပြုလုပ်နေချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကတော့ မွတ်ဆလင်နိုင်ငံမှာ ကျင်းပတဲ့ အိဒ်နေ့အပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။

တိုက်ခိုက်မှုက ဘယ်အုပ်စုရဲ့ လက်ချက်ဆိုတာ ခုထိ မသိရသေးပါဘူး။

အရင်က ဒီလို ဗုံးခွဲတိုက်ခိုက်မှုမျိုးတွေကို ပါကစ္စတန်က တာလီဘာန်အဖွဲ့ (TTP)က လုပ်လေ့ရှိပါတယ်။

Ref; EFE_EPA, Hindustan Times

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly