ဆလိုဗက်ကီးယားမှာ ရထားနှင့် ထရပ်ကား တိုက်မိရာမှ လူ (၃၅) ဦး ဒဏ်ရာရ

ဆလိုဗက်ကီးယားမှာ ရထားနှင့် ထရပ်ကား တိုက်မိရာမှ လူ (၃၅) ဦး ဒဏ်ရာရ
၂၀၀၉ ခုနှစ်က ဆလိုဗက်ကီးယားမှာ ရထားနှင့် ဘတ်စ် တိုက်မိမှုဖြစ်ခဲ့စဉ်။ (ဓာတ်ပုံ - အီးပီအေ)

သောကြာနေ့က ဆလိုဗက်ကီးယားနိုင်ငံ၊ ဘာဒါဆာလာဗာ အရှေ့တောင်ပိုင်းရှိ ရထားလမ်းဖြတ်ကူးနေရာမှာ ရထားနှင့် ထရပ်ကားတစ်စီး တိုက်မိလို့ လူ (၃၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ရဲတစ်ဦးက ပြောပါတယ်။

ဘာဒါဆာလာဗာ အရှေ့တောင်ပိုင်း ကီလိုမီတာ (၇၀) အကွာခန့်က အတားအဆီးတွေမပါတဲ့ ဖြတ်လမ်းတစ်နေရာမှာ ချက်လိုင်စင်ပြားပါ ကုန်တင်ထရပ်ကားတစ်စီးက ပုဂ္ဂလိကကုမ္ပဏီ Regiojet ပိုင် ရထားတစ်စီးနဲ့ တိုက်မိတာလို့ အဆိုပါ ရဲက ပြောပါတယ်။

ဒဏ်ရရာသူ (၁၅) ဦးနှင့် အပြင်းအထန် ဒဏ်ရာရသူ (၆) ဦးတို့က နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ခဲ့ပါတယ်။

ရထားရဲ့ ခရီးစဉ်လမ်းကြောင်းဟာ ဆလိုဗက်ကီးယားမြို့တော်မှ ဟန်ဂေရီနယ်စပ် ကိုမားနိုသို့ သွားနေတာဖြစ်ပြီး အခင်းဖြစ်ပွားမှုကိုတော့ ဒေသစံတော်ချိန် မနက် (၅း၁၅) နာရီမှာ ဖြစ်ပွားခဲ့ပါတယ်။

Regiojet အရ ရထားဖြတ်လမ်းကူးနေရာမှာ အချက်ပြနေပြီး ဥသြဆွဲထားတာကြောင့် အဲဒီချိန်မှာ ထရပ်ကားအနေနဲ့ လမ်းဖြတ်မကူးသင့်ကြောင်း ဆိုပါတယ်။

အဆိုပါနေရာတစ်ဝှက်ဟာ မကြာခဏ မတော်တဆမှုများ ဖြစ်ပွားတတ်တဲ့နေရာအဖြစ် သိရှိထားပြီး သေဆုံးမှုများရှိကြောင်း ဆလိုဗက်ကီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီး အာပဒ် Arpad Ersek က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly