ဖီဖာက ကမ္ဘာ့အကောင်းဆုံးကစားသမား Ballon d'Or ဆုအတွက် ပူးပေါင်းမှု အဆုံးသတ်

ဖီဖာက ကမ္ဘာ့အကောင်းဆုံးကစားသမား Ballon d'Or ဆုအတွက် ပူးပေါင်းမှု အဆုံးသတ်
(ဓာတ်ပုံ - အီးပီအေ)

ဖီဖာဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့အကောင်းဆုံးကစားသမား (FIFA Ballon d'Or) ဆုနှင့်ပတ်သက်လို့ ၎င်းတို့ရဲ့ ပူးပေါင်းပါဝင်မှုကို အဆုံးသတ်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဥရောပအကောင်းဆုံးဘောလုံးသမား(Ballon d'Or) ဆုအား  ၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှ စတင်ကာ ဖီဖာဘောလုံးအဖွဲ့ချုပ်က ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် ပူးပေါင်းကာ Ballon d'Or ဆုမှ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (FIFA Ballon d'Or) အဖြစ် ပြောင်းလဲသတ်မှတ်လာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖီဖာဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းမှု ရပ်နားခဲ့ပေမယ့် အဆိုပါဆုကို ဆက်လက် ချီးမြှင့်သွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ကြေညာသွားမယ်လို့ ဆိုပါတယ်။

ဖီဖာက တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုကို ၁၉၉၁ မှ ၂၀၀၉ ခုနှစ်အထိ သီးခြား ချီးမြှင့်ခဲ့ပါတယ်။

ယခင်က ပြင်သစ်ဘောလုံးမဂ္ဂဇင်ရဲ့ ဥရောပအကောင်းဆုံးဘောလုံးသမား(Ballon d'Or) နှင့် ဖီဖာရဲ့တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအဖြစ် သီးခြားချီးမြှင့်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာကစားသမား မက်ဆီက ၂၀၁၀ ခုနှစ်က စတင်ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား (FIFA Ballon d'Or) ဆု (၆) ကြိမ်မှာ (၄) ကြိမ်ရရှိထားပြီး ရိုနယ်လ်ဒိုက (၂) ကြိမ်ရထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly