အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေး လွတ်မြောက်

အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေး လွတ်မြောက်

ရန်ကုန်၊ ဇူလိုင် ၁၃ ။  ။ အကျဉ်းဦးစီးဌာန၏ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်အမှတ်(၂) စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေး မှုအတတ်သင်စခန်းမှ အကျဉ်းသား လေးဦး တပြိုင်တည်း ထွက်ပြေးလွတ်မြောက် သွားသည်ဟု သိရသည်။

အကျဉ်းသားလေးဦးမှာ ဇူလိုင်၁၀ ရက်ကထွက်ပြေး လွတ်မြောက် သွားခြင်းကြောင့် အရေးယူပေးနိုင်ရန် ရာဇဂြိုဟ်စခန်း မှပြည်ထဲရေ ဝန်ကြီးဌာနသို့ အကြောင်းကြားစာကို ဇူလိုင် ၁၂ ရက် ရက်စွဲဖြင့် ပေးပို့ထား သည်။

ရာဇဂြိုဟ် အမှတ်(၂) စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီခန့်က စခန်းရှိ စပါးစိုက်ပျိုးရေး လုပ်ငန်း မဟုတ်ဘဲ စခန်းမှူး ကြီးကြပ်ရေးမှူး ထွန်းထွန်းနိုင်၏ ခိုင်းစေ မှုကြောင့် အရပ်ဘက်ကျောက် ထုတ်လုပ် ငန်းသို့ သွားရောက် လုပ်ကိုင်ရသည့် အတွက် အလုပ်ပင်ပန်းလွန်း၍ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly