ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအဖွဲ့နှင့် MAT တို့ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ DSI က ဂုတ်ပြုဆုချီးမြင့်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအဖွဲ့နှင့် MAT တို့ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ DSI က ဂုတ်ပြုဆုချီးမြင့်

ချင်းမိုင်၊ စက်တင်ဘာ ၁၆ ။             ။ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးစုံစမ်းထောက်လှမ်းရေးအဖွဲ့(DSI)က ထိုင်းနိုင်ငံ လူကုန်ကူးမှု ပပျောက်ရန် အတွက် ပူးပေါင်းလုပ်ဆောင်ခဲ့သော ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)  တို့ကို ဂုဏ်ပြုလွှာနှင့် ရွှေတံဆိပ်ဆုများ ချီးမြင့်ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်က ဘန်ကောက်မြို့ရှိ စင်ထရယ်ဟိုတယ်တွင် အခမ်းအနား ပြုလုပ်ခဲ့ပြီး MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်း အပါအဝင် လူပုဂ္ဂိုလ် ၂၀ ခန့်နှင့် မြန်မာသံရုံး၊ အမေရိကန်၊ အီးယူ၊ သြစတေး လျ နိုင်ငံ စသည့် နိုင်ငံတကာ သံရုံးများလည်း ဂုဏ်ပြုဆုချီးမြင့်ခံရသည်ဟု MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြော သည်။

“ ဘာကြောင့်ပေးလဲဆိုတော ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု အဆိုးဝါးဆုံး အခြေအနေ ၃ အဆင့် ကနေ ၂ စောင့်ကြည့် ရေး အဆင့်ထိ ရောက်သွားအောင် ဝိုင်းဝန်းကူညီပေးကြတဲ့အတွက် ပေးတာဗျာ။ သူတို့တွေက လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုတာ အဆင်မသင့်ရင် သတ်ဖြတ်ခံရနိုင်တယ်။ သူတို့တွေရဲ့ အကျိုးစီးပွားကို ရဲရဲတင်းတင်း ဖျက်ဆီးတဲ့ အလုပ်ဖြစ်တဲ့ အတွက် အဲဒီလိုကိစ္စတွေကို ကိုယ်ကျိုးမပါဘဲနဲ့ ရဲရဲဝံ့ဝံ့လုပ်ကြတဲ့အတွက် ဂုဏ်ပြုချီးမြင့်ရတာ ဖြစ်တယ်လို့ ဂုဏ်ပြုပွဲမှာ ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

နည်းပညာများ ကူညီပံ့ပိုးပေးခဲ့သည့် နိုင်ငံခြားသံရုံးမှ တာဝန်ခံအရာရှိများ၊ နိုင်ငံခြားနည်းပြများ၊ သတင်းအချက် အ လက် ပေးပို့သည့် ထိုင်းဘဏ်တစ်ခုမှ စာရေးမ တစ်ဦး၊ လူကုန်ကူးမှု ဖြစ်စဉ်များတွင် ဝိုင်းဝန်းကူညီပေးခဲ့သည့် ထိုင်းနိုင်ငံ အနှံ့အပြားမှ ထိုင်းလူမှုအသင်းအဖွဲ့အစည်းများ၊ မဟာချိုင် အခြေစိုက် LPN အဖွဲ့ ဒါရိုက်တာ ဆွန်ပွန်ဆာကယောက်တို့ ကို  DSI မှ အကြီးဆုံးအရာရှိ Police Colonel-Paisit Waongmuang က ဆုချီးမြင့်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ငွေကြေးကိစ္စ၊ လက်နက်မှောင်ခိုကိစ္စ၊ နယ်မြေကိစ္စ၊ မူးယစ်ဆေးဝါးကိ စ္စ၊ မာဖီးယာဂိုင်းကိစ္စစသည့် မတရားမှုများ အများအပြားရှိပြီး လူကုန်ကူးမှု အဆိုးဆုံး နာမည်ဆိုးရှိခဲ့သော်လည်း ယခုကဲ့ သို့ သာမန် အလုပ်သမားအဖွဲ့အစည်းများအား အသိအမှတ်ပြု၍ ပူးပေါင်းလုပ်ဆောင်မှုအပေါ် မြန်မာအစိုးရအနေဖြင့် သင်ခန်းစာယူသင့်ကြောင်း ဦးကျော်သောင်းက ပြောသည်။

“ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံက ကျနော်တို့က တရားဝင်မှတ်ပုံတင်လို့မရဘူး။ ကျနော်တို့ကို မြန်မာအစိုးရကလည်း တရားဝင် အသိအမှတ်မပြုဘူး။ ဒါပေမဲ့တကယ် လူကုန်ကူးမှုကိစ္စတို့ အလုပ်သမားကိစ္စတို့ ကွင်းထဲလုပ်တဲ့ အခါမှာ ထိုင်းအစိုးရနဲ့ ရော၊ မြန်မာအစိုးရနဲ့ရော ဆယ်စုနှစ်ချီကြာပြီး လုပ်လာတဲ့အခါမှာ ကျနော်တို့တွေက ကိုယ့်ထမင်းကိုစားပြီးတော့ ဝိုင်းပြီးတော့ လုပ်တာ သူတို့အတွက်တော့ ရေမှုန်လေးလောက်ဘဲ ရှိပါတယ်။ အဲဒီလို သေးသေးလေးကို နိုင်ငံတော်အဆင့်က ဒီလို ဂုဏ်ပြုလွာပေးတယ် ဆိုတာ ကျနော်တို့ အနေနဲ့တော့ ဝမ်းသာတယ်" ဟု  ဦးကျော်သောင်းက ဆိုသည်။

MAT သည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင်လည်း ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့(AHTD)  မှ  ဂုဏ်ပြုလွှာနှင့် ငွေသားတစ်သောင်းခွဲတို့ကို ဆုချီးမြင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း ် ဆဲဗင်းဒေး မီဒီယာမှ သက်စွန့် ဆံ ဖျား အများအတွက် စွန့်စားကြသူများကို နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သော 7 day Hero ဆုကိုလည်း ပြည်တွင်းမှ ရဟန်း ပု ဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များနှင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED)နှင့်အတူ ပူးတွဲ ဆုချီးမြင့်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly