လာမည့်ရာသီကုန်တွင် အက်သလက်တီကိုအသင်းမှ နည်းပြဆီမြွန်နီထွက်ခွာမည်

လာမည့်ရာသီကုန်တွင် အက်သလက်တီကိုအသင်းမှ နည်းပြဆီမြွန်နီထွက်ခွာမည်

စက်တင်ဘာ ၁၆၊ မက်ဒရစ်။            ။ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီသည် လာမည့်ရာသီကုန်တွင် စပိန်ကလပ်အသင်းမှ ထွက်ခွာတော့မည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့က အလိုရှိခဲ့ဖူးသည့် ဆီမြွန်နီသည် ၂၀၂၀ ထိသက်တမ်းရှိသည့် လက်ရှိစာ ချုပ်ကို နှစ်နှစ်လျှော့ချလိုက်သဖြင့် ၂၀၁၈ နွေရာသီတွင် စာချုပ်သက်တမ်းကုန်မည်ဖြစ်သည်။

ယင်းသတင်းမှာ အာစင်ဝင်းဂါးနှင့်စာချုပ်သက်တမ်းနောက်ဆုံးကာလသို့ရောက်နေသည့် အာဆင်နယ်အသင်းအတွက် အချက်ပေးလိုက်သကဲ့သို့ဖြစ်နေသော်လည်း ဆီမြွန်နီအနေဖြင့် အင်တာမီလန်အသင်းကိုသာရွေးချယ်ပြီး အီတလီသို့ ရောက် သွားမည်ဟု ယူဆရသည်။

ဆီမြွန်နီထွက်ခွာခြင်းက အက်သလက်တီကိုအသင်းနှင့်အတူ ၇ နှစ်တာကာလကို ဖြတ်သန်းခြင်း၏ အဆုံးသတ်လည်း ဖြစ်လာမည် ဖြစ်သည်။

စပိန်တွင် ကာလရှည်နည်းပြတစ်ဦးအဖြစ်မှတ်တမ်းဝင်ထားသည့် ဆီမြွန်နီသည် အက်သလက်တီကိုအသင်းနှင့် ဆုဖလား ငါးလုံး ရခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း နှစ်ကြိမ်ပို့ဆောင်ပေးထားသဖြင့် အသင်းသမိုင်းတွင်ကဗ္ဗည်းထိုးထားခံရပြီးသူလည်း ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly