မက္ကဆီကို ကျောင်းသားပျောက်ဆုံးမှု စုံစမ်းရေး အကြီးအကဲ ရာထူးက နှုတ်ထွက်

မက္ကဆီကို ကျောင်းသားပျောက်ဆုံးမှု စုံစမ်းရေး အကြီးအကဲ ရာထူးက နှုတ်ထွက်

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၁၅ ။                   ။ မက္ကဆီကိုနိုင်ငံတွင် ကျောင်းသား ၄၃ ဦးပျောက်ဆုံးမှုကို ကိုယ်တွယ်စုံစမ်းနေသည့် ရာဇဝတ်ထောက်လှမ်းရေး အေဂျင်စီအကြီးအကဲဖြစ်သူ ရာထူးက နှုတ်ထွက်ကြောင်း သိရသည်။

၂၀၁၄ စက်တင်ဘာလက ကျောင်းသားများ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မိသားစုများက ၎င်းစုံစမ်းရေး အကြီးအကဲဖြစ်သူ နှုတ်ထွက်ရန် တောင်းဆိုထားကြသည်။ ယခု ၎င်းနှုတ်ထွက်သွားခြင်းကို အကြောင်းပြချက်တစ်စုံတစ်ရာမပေးပေ။

ကျောင်းသားများ ပျောက်ဆုံးမှုအပေါ် အစိုးရတာဝန်ရှိသူများ၏ ကျောင်းသားများကို ပစ်သတ်ကာ အမှိုက်ပုံကြီးတစ်ခုတွင် မီးရှို့ဖျောက်ဖျက်ပစ်ခြင်းဟု ယူဆထားသည့် ထင်မြင်ချက်တွင်   ကျောင်းသား မိသားစုများက အငြင်းပွားမှု ရှိနေသည်။

၂၀၁၄ စက်တင်ဘာ ၂၆ ရက်က မြို့ပြစည်ပင်ရဲဌာနက ၎င်းကျောင်းသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရက ပြောသည်။ ထိုအချိန်က ရှေ့နေချုပ်ဖြစ်သူ ကျောင်းသားများကို မူးယစ်ဆေးဝါး ဂိုဏ်းတစ်ဂိုဏ်းသို့ လက်လွှဲပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က အမှိုက်ပုံတွင် ကျောင်းသားများအား ပစ်သတ်ကာ မီးရှို့အလောင်း ဖျောက်ခြင်းဖြစ်သည်ဟု ပြောသည်။

လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့နှင့် မိသားစုများက အခြားလမ်းကြောင်းဖြင့် ရှာဖွေစုံစမ်းရန် တိုက်တွန်းထားသည်။

ကျောင်းသားများ ပျောက်ဆုံးမှုတွင် စုံစမ်းရေးအဖွဲ့၏ အကြီးအကဲအဖြစ် ဇာရွန်က တာဝန်ယူထားခြင်း ဖြစ်သည့်အပြင် မူခင်းဆေး ပညာအဖွဲ့ကို ကြီးကြပ်ကွပ်ကဲသူဖြစ်သည်။ သို့သော်လည်း ၎င်း၏ အမှုအပေါ် ကိုင်တွယ်မှုကို လူ့အခွင့်အရေးကော်မရှင်က ဝေဖန်ထားသည်။

အခင်းဖြစ်ရပ် သက်သေပစ္စည်းများ ရှာတွေ့ခြင်း မရှိမီ တစ်ရက်က ကျောင်းသားများအား မီးရှို့သည်ဆိုသည့် ယင်းနေရာသို့ ကြိုတင်သွားရောက်ခဲ့သည့် ဇာရွန်အား မူးယစ်ဂိုဏ်သားဖြစ်ဖွယ်ရှိသူ တစ်ဦးနှင့်အတူ တွေ့ရကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags