ဒေါ်အောင်ဆန်းစုကြည်အား ဟားဗက်ဖောင်ဒေးရှင်းက The 2016 Humanitarian of the Year ဆု ချီးမြှင့်အပ်နှင်းမည်

ဒေါ်အောင်ဆန်းစုကြည်အား ဟားဗက်ဖောင်ဒေးရှင်းက The 2016 Humanitarian of the Year ဆု ချီးမြှင့်အပ်နှင်းမည်

စက်တင်ဘာ ၁၅ ။                 ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဟားဗက်တက္ကသိုလ်၊ ဟားဗက်ဖောင်ဒေးရှင်းက 2016 Humanitarian of the Year ဆုကို စက်တင်ဘာလ ၁၇ ရက်၌ ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။

အဆိုပါ ဆုကို ဟားဗက်တက္ကသိုလ်၊ ဟားဗက်ဖောင်ဒေးရှင်းက နှစ်စဉ်နှစ်တိုင်း ပေးအပ်ချီးမြှင့်နေလျက်ရှိသည်။ လူတို့၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကောင်းမြတ်သော အလေ့အကျင့်ကောင်းများ လူအများ လေးစားအားကျစေရန် လုပ်ဆောင်ပေးနေသူများကို ချီးမြှင့်ပေးအပ်သော ဆုဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်သို့ ရောက်ရှိနေခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်က သမ္မတ အိုဘားမားနှင့်လည်း အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံအပြီးတွင် အမေရိကန်သမ္မတက မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို မကြာမီ ဖယ်ရှားပေးသွားရန် ရှိကြောင်း နှင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အလုပ်အကိုင် ပိုမိုဖန်တီးနိုင်မှုပိုင်းတို့တွင် တိုးတက်စေရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly