အမေရိကန်က ထောင်အကျဉ်းသားတစ်ဦးကို လိင်ပြောင်းလဲ ခွဲစိတ်ခွင့်ပေး

အမေရိကန်က ထောင်အကျဉ်းသားတစ်ဦးကို လိင်ပြောင်းလဲ ခွဲစိတ်ခွင့်ပေး
(ဓာတ်ပုံ - အီးပီအေ)

အမေရိကန် စစ်တပ်က ဝီကီလိခ်သတင်းပေး ချယ်လ်ဆီး မန်နင်းကို အမျိုးသမီးအဖြစ် လိင်ပြောင်းလဲခွဲစိတ်ခွင့်ပြုရန် သဘောတူညီ ပြီးနောက် သူမက စစ်တပ် အကျဉ်းထောင်မှာ ငါးရက်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်ပါတယ်။

မန်နင်းဟာ စစ်တပ်အကျဉ်းထောင်မှာ (၃၅) နှစ် အကျဉ်းချခံရတာဖြစ်ပါတယ်။

"နောက်ဆုံးတော့ စိတ်သက်သာရာရပါပြီ။ စစ်တပ်က နောက်ဆုံး မှန်ကန်တဲ့အရာကို လုပ်သွားတာဖြစ်တယ်။ ဒီအတွက် သူတို့ကို ချီးကျူးတယ်။ ကျမ လိုချင်တဲ့အရာအားလုံးကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။"လို့ မန်နင်းရဲ့ ကြေညာချက်တစ်ခုကို ဝက်ဘ်ဆိုက်တစ်ခုပေါ်မှာ တင်ခဲ့ပါတယ်။

အစိုးရအရာရှိများက ကာကွယ်ရေးဦးစီးဌာနရဲ့ လိင်ပြောင်းမှုဝါဒအောက်မှာ သူမကို လိင်ပြောင်းလဲခွင့်ပြုကြောင်း ကြေညာလိုက်ပြီးနောက်မှာ သောကြာနေ့ကစတင် အစာငတ်ခံဆန္ဒပြခဲ့တဲ့ မန်နင်းက အခုလိုသူ့မရဲ့ ကျေနပ်မှုကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ခွဲစိတ်ခွင့်ပြုထားတဲ့ ဝီကီလီလိခ်သတင်းပေးသူဟာ အမေရိကန်မှာ ပထမဦးဆုံး လိင်ပြောင်း အကျဉ်းသားဖြစ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ ပုံစံတစ်ခုကို ချမှတ်နိုင်တဲ့အတွက် အကျဉ်းသားထောင်ပေါင်းများစွာကို အကျိုးခံစားရနိုင်ကြောင်း သူမရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ သိရှိပါတယ်။

အသက် (၂၈) အရွယ် မန်နင်းဟာ (Bradley Edward Manning) အမျိုးသားတစ်ဦးအဖြစ် မွေးခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးအနေနဲ့ ပိုမို ထင်ရှင်းပြသခဲ့ပါတယ်။ အစောပိုင်း သုံးနှစ်က ဝီကီလိခ်မှ လျှို့ဝှက် စာရွက်စာတမ်းများ ပေါက်မှုအတွက် ၂၀၁၃ ခုနှစ်က ထောက်ဒဏ်ချခံရပါတယ်။

ဒီနှစ် ဇူလိုင်လထဲမှာ မန်နင်းက ဆေးကုသမှု အလုံအလောက်မရလို့ သတ်သေဖို့ ကြိုစားဖူးပါတယ်။

အီရတ်ရှိ  အမေရိကန်စစ်တပ်မှာ လုံခြုံရေး လေ့လာဆန်းစစ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မန်နီးဟာ ကျူးဘားရှိ ဂွမ်တာနာမို အကျဉ်းထောင်များနှင့် အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ စစ်ပွဲတွေရဲ့ ထောင်ပေါင်းများစွာတဲ့ သံတမန်ကြေးနန်းနဲ့ စာရွက်စာတမ်းများကို ဝီကီလိခ်မှာ ပေါက်ကြားမှုအတွက် ထောင်ပြစ်ဒဉ်ချမှတ်ခံရတာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly