ဆော်ဒီအာရေဗျမှာ မူဆလင်ဘုရားဖူးသူများ Hajj ဘုရားဝတ်ပြုပွဲ နောက်ဆုံနေ့ ကျင်းပ

ဆော်ဒီအာရေဗျမှာ မူဆလင်ဘုရားဖူးသူများ Hajj ဘုရားဝတ်ပြုပွဲ နောက်ဆုံနေ့ ကျင်းပ
(ဓာတ်ပုံ - အီးပီအေ)

ဗုဒ္ဓဟူးနေ့က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ Masjid al-Haram (ဂရန်းဗလီ)မှာ  နှစ်စဉ်ပြုလုပ်မြဲ Hajj လို့ ခေါ်တဲ့ ဘုရားဝတ်ပြုပွဲ နောက်ဆုံးနေ့ကို ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဲဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က တမန်တော်မိုဟာမက် နောက်ဆုံးအကြိမ် တရားဟောသွားခဲ့တယ်နေရာလို့ မှတ်ယူရပါတယ်။ အဲဒီမှာ တမန်တော်မိုဟာမက်က မွတ်စလင်တွေကို စည်းလုံညီညွတ်ကြဖို့ နဲ့ တန်းတူညီမျှဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

ရာထောင်ပေါင်းများစွာတဲ့ မွတ်စလင်တွေဟာ ဦးတည်ဝတ်ပြုတဲ့ မက်ကာရဲ့ Grand ဗလီထဲက Kaaba အမည်းရောင် လေးထောင့် အဆောက်အအုံကို ပတ်ခဲ့ကြပါတယ်။

ဒီနှစ် Hajj မှာ ဘုရားဖူး (၁.၈) သန်းကျော် တက်ရောက်ခဲ့ကြောင်း ဆော်ဒီအာရေဗျရှိ Al Arabiya သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

အဆိုပါ စာရင်းထဲမှ ဘုရားဖူသူ (၁.၇) သန်းဟာ ဆော်ဒီအာရေဗျရဲ့ ပြင်ပနိုင်ငံများမှ လာရောက်သူများ ဖြစ်ကြပါတယ်။

ဆော်ဒီအာဏာပိုင်များက ပြီးခဲ့တဲ့ နှစ်က ဘုရာဖူးသူ (၂၀၀၀) ဝန်ကျင်းဟာ  လူအုပ်ပိ သေခဲ့တဲ့ အဖြစ်မျိုး နောက်ထပ် မဖြစ်အောင်   ကာကွယ်တားဆီးဖို့ လုံခြုံရေး တင်းကျပ်ရေးနှင့် လူစုလူဝေး ထိန်းချုပ်ရေး စီမံခဲ့ပါတယ်။

အစ္စလာမ်ဘာသာအရ မွတ်စလင်တိုင်းဟာ တသက်မှာ အနည်းဆုံး တခါ Hajj ဘုရားဖူးခရီးသွားကြရပါတယ်။ Hajj ဘုရားဖူးခရီးဟာ အစ္စလာမ်ဘာသာရဲ့ အဓိက ဘာသာရေးယုံကြည်မှု မဏ္ဍိုင်ကြီး ငါးခုထဲက တခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တမန်တော် မိုဟာမတ်အပေါ် 'shahada' အကြွင်းမဲ့ယုံကြည်မှု၊ Kaaba ရှိရာအရပ်ကို ဦးတည်ပြီး တနေ့ ငါးကြိမ် ဝတ်ပြုဖို့၊ နှစ်စဉ် အလှူအတန်းပေးဖို့ နဲ့ Ramadan ဥပုဟ်ရာသီမှာ သီလဆောက်တည်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags