သတင်းထောက်များ အကြမ်းဖက်ခံရမှုကို ကန့်ကွက်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်ထုတ်ပြန်

သတင်းထောက်များ အကြမ်းဖက်ခံရမှုကို ကန့်ကွက်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်ထုတ်ပြန်

 ရန်ကုန်၊ စက်တင်ဘာ ၁၄ ။          ။ သတင်းထောက်များ သတင်းရယူနေစဉ် ကိုယ်ထိလက်ရောက် စော်ကားခံရမှုများအတွက် ကန့်ကွက်ကြောင်း ထုတ်ပြန် စာ တစ်စောင်ကို မြန်မာဂျာနယ်လစ် ကွန်ရက်က စက်တင်ဘာ၁၄ ရက်က ထုတ်ပြန်လိုက်သည်။

"ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့က ဒီကိစ္စတိုင်းကို အမြဲစောင့်ကြည့်နေပြီးတော့ ဖြစ်လာတဲ့ဖြစ်စဉ်တိုင်းကို ဝိုင်း ဆွေးနွေးကြတယ်။ ပြီးရင် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ကြပါတယ်။ ဒီကိစ္စတွေမှာ သတင်းသမားတွေရဲ့ ပုဂ္ဂိုလ်ပိုင်း ဆိုင် ရာ ရန်ဖြစ်တာမျိုး ဒီလိုပြသနာတွေ မဟုတ်ဘဲနဲ့ သတင်းသမားဖြစ်နေလို့ သတင်းယူနေလို့ အရိုက်ခံရတဲ့ ကိစ္စတွေ ဖြစ်ပါ တယ်။ တနည်းအားဖြင့် လွတ်လပ်စွာသတင်းယူခွင့်ကို ပိတ်ပင်တာပ။ါ ဒါမျိုးတွေကို မြန်မာဂျာနယ်လစ်ကွန်ရက်အနေနဲ့ လက်မခံတဲ့အကြောင်းကို ထုတ်ပြန်ပါတယ် နောက်ပြီး ရဲချုပ်၊ တရားသူကြီးချုပ်နဲ့ စာနယ်ဇင်းကောင်စီတို့ဆီကိုလည်း ဆက်လက် ပေးပို့သွားမှာဖြစ်ပါတယ်" ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ကိုကောင်း ထက်စံ(ပြန်ကြားရေးကော်မတီ ) က ပြောသည်။

ပြည်သူများ သတင်းအချက်အလက်ရရှိရေးအတွက် ဥပဒေစည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်နေသော သတင်း ထောက်များကို ရန်ပြုတိုက်ခိုက်သော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို မြန်မာဂျာနယ်လစ် ကွန်ရက်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုက်ခိုက်ခံခဲ့ရသည့် သတင်းထောက်များဘက်က သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံးတွင် အမှု ဖွင့် တိုင်ကြားထားသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ပေးဖို့ တိုက် တွန်းထားသည်။

သြဂုတ်လ ၂၂ ရက်နေ့က ကြည့်မြင်တိုင်ဘူတာတွင် သတင်းရယူနေသော မြန်မာ့ခေတ် သတင်းဌာနမှ သတင်းထောက် ကိုဉာဏ်လင်းထက်ကို မီးရထားဝန်ထမ်းနှစ်ဦးက တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကန့်ကွက်သည့်ပွဲတွင် Myanmar Press photo Agency မှ သတင်းထောက် ကိုမြတ်သူကျော် ကို ဆန္ဒဖော်ထုတ်သူများက ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ ဖြစ်စဉ်များကြောင့် မြန်မာ့ဂျာနယ်လစ်ကွန်ရက်က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly