ချန်ပီယံလိဂ်တွင် အော့စပီနာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမည်ဟု ဝင်းဂါးကတိပေး

ချန်ပီယံလိဂ်တွင် အော့စပီနာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမည်ဟု ဝင်းဂါးကတိပေး

စက်တင်ဘာ ၁၄၊ လန်ဒန်။            ။ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် အော့စပီနာ၏လက်စွမ်းကိုချီးကျူးခဲ့ပြီး ချန်ပီယံလိဂ်ပွဲများတွင် ပွဲထွက်ဂိုသမားအဖြစ် အသုံးပြုသွားမည်ဟု ကတိပြုပြောဆိုလိုက်သည်။

ဆန်းချက်ဇ်၏နောက်ကျချေပဂိုးဖြင့် ပီအက်စ်ဂျီအသင်းကိုသရေကျခဲ့သည့်ချန်ပီယံလိဂ်အဖွင့်ပွဲတွင် အော့စပီနာသည် လက်စွမ်းပြ ကာကွယ်မှုများပြုလုပ်နိုင်ခဲ့သည်။

စနေနေ့တွင် ဟားလ်စီးတီးနှင့်ကစားမည့်ပွဲ၌ ပီတာချက်ကို ပွဲထွက်အဖြစ်အသုံးပြုနိုင်ဖွယ်ရှိသည်ဟု အာစင်ဝင်းဂါးက အရိပ်အမြွက်ဆိုခဲ့သော်လည်း အော့စပီနာကိုမူ ချန်ပီယံလိဂ်တွင်အသုံးပြုမည်ဟု ရှင်းလင်းစွာပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီညမှာတော့ အော့စပီနာဟာ သူ့အပေါ်သံသယရှိသူတွေကို သူဟာဂိုးသမားကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြ လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်တုန်းက သူအမှားလုပ်ခဲ့လို့ လူတွေက မယုံမကြည်ဖြစ်ခဲ့ရတယ်။ ဒီညမှာတော့ သူဘာလဲဆိုတာ ပြလိုက်နိုင်ပါတယ်။

ဒီညရဲ့လက်စွမ်းကိုဆက်ထိန်းထားမယ်ဆိုရင် လာမယ့်ချန်ပီယံလိဂ်ပွဲတွေမှာ သူပွဲထွက်ခွင့်ဆက်ရနေမှာပါ”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags