ဂရိအကျပ်အတည်းနှင့် ပတ်သက်၍ ယူရိုဇုန်ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီချက်ရရှိ

ဂရိအကျပ်အတည်းနှင့် ပတ်သက်၍ ယူရိုဇုန်ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီချက်ရရှိ

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၃ ။      ။ ရှည်ကြာလှသည့် မာရသွန်ဆွေးနွေးပွဲများပြုလုပ်ပြီးနောက် ဂရိကို တတိယအကြိမ်မြောက်ဂရိ ကိုငွေကြေးအကျပ်အတည်းမှ ကယ်တင်ရေးနှင့် ပတ်သက်၍ ယူရိုဇုန်ခေါင်းဆောင်များသည် တစ်ညီတစ်ညွတ်တည်း သဘော တူညီမှုရရှိခဲ့သည်။ ငွေကြေးအကျပ်အတည်းမှ ကယ်တင်ရေးအတွက် ညိနှိုင်းမှုများတွင် ခေါင်းဆောင်များသည် မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည်ဟု အီးယူဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်က ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် ဆိုလိုသည်မှာ ဂရိကို ဆက်လက်ကူညီထောက်ပံ့မည်ဖြစ်သည်။

"ဂရိဟာ ယူရိုဇုန်က ထွက်မှာ မဟုတ်ပါဘူး"ဟု ဥရောပကော်မရှင်အကြီးအကဲ ယန်းကလော့ဂျန်ကာက ဂရိသည် ယူရိုမှ ထွက်ရမည်ဆိုသည့် စိုးရိမ်မှုအပေါ် ရည်ညွှန်းလျက်ပြောကြားခဲ့သည်။ ဂရိသည် ဇူလိုင် ၈ က ယူရိုဇုန်ကတောင်းဆို ခဲ့သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖြတ်သန်းရတော့မည်ဖြစ်သည်။ ဂရိသည် ခက်ခဲသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရပြီး အကြွေးဆပ်ရမည့်ပုံစံပြန်လည်သတ်မှတ်ပေးမှုကိုရရှိကာ ဥရောပတစ်တိုက်လုံးကို ဂုဏ်သိက္ခာရှိသည့် သတင်းစကားကို ပေးပို့ခဲ့သည်ဟု ဂရိဝန်ကြီးချုပ် အလက်ဇစ်ဇီပရက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

"သဘောတူညီချက်က ခက်ခဲပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေကိုပြည်ပရွှေ့ဖို့လုပ်ဆောင်မှာကို ရှောင်လွှဲခဲ့ပါတယ် "ဟု ၎င်းကပြောသည်။ "ဘဏ္ဍာရေးအရနှိပ်ကွပ်မဲ့၊ ဘဏ်စနစ်ပြိုလဲမည့် အစီအစဉ်ကို ကျွန်တော်တို့ ရှောင်လွဲခဲ့ပါတယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ သဘောတူညီချက်တွင် ဂရိအခြေစိုက် ပိုင်ဆိုင်မှုငွေကြေး ယူရို ၅၀ဘီလျံ(ပေါင်၃၆ဘီလျံ)အနက် ယူရို ၂၅ဘီလျံကို ဂရိဘဏ်များတွင် ပြန်လည်ရင်းနှၤီးမတည်ရန်ပါဝင်သည်။

ငွေကြေးအကျပ်အတည်းကယ်တင်ရေးအသစ်ကို ယူရိုဇုန်နိုင်ငံအချို့ရှိ ပါလီမန်များက အတည်ပြုရန်ရှိနေသေးသည်။ "လမ်းက ရှည်လျားပါတယ်။ ဒီကနေ့ည ညိနှိုင်းမှုတွေအရ ခက်လည်းခက်ခဲပါတယ်"ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဇူလိုင် ၁၃ရက်နေ့ နံနက်က ပြောကြားခဲ့သည်။ ယူရိုဇုန်ခေါင်းဆောင်များသည် ညလုံးပေါက်ဆွေးနွေးမှုများနှင့်အတူ ဘရပ်ဆဲလ်တွင် စည်းဝေးနေခဲ့သည်မှာ ၁၇ နာရီခန့်ကြာမြင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly