Miss Universe Pathein 2015 အဖြစ် အိန်ဂျယ်မေ ရွေးချယ် ခံရ

Miss Universe Pathein 2015 အဖြစ် အိန်ဂျယ်မေ ရွေးချယ် ခံရ
Miss Universe Pathein 2015 Winner  အိန်ဂျယ်မေ

ရန်ကုန် ၊ ဇူလိုင် ၁၃ ။      ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် Miss Universe Pathein 2015 ပြိုင်ပွဲကို ဇူလိုင် ၁၂ရက်တွင် ပုသိမ် မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး Miss Universe Pathein 2015 အဖြစ် အိန်ဂျယ်မေက ရွေးချယ်ခြင်း ခံခဲ့ရသည်။

Miss Universe Pathein 2015 Winner အဖြစ် အိန်ဂျယ်မေ ၊ 1st Runner Up ကို ခါးနံပတ် ၁၉ ပြည့်ဖူးမွန် ၊  2nd Runner Up ကို ခါးနံပါတ် ၄ မေကဗျာဦး ၊ 3rd Runner Up ကို ခါးနံပါတ် ၁၉ ကေဇင်မြင့်အောင် ၊ 4th Runner Up ကို ခါးနံပါတ် ၁ မယ်ရီစကားဝါ (Mary Sagawar) တို့က အသီးသီး ရရှိ ခဲ့သည်။  

Miss Universe Pathein 2015 ပြိုင်ပွဲက ချီးမြှင့်သည့် Title ဆုများ ဖြစ်သည့် Miss Healthy Skin ဆုကို အိန်ဂျယ်မေ ၊ Best Smile ဆုကို အိမ့်လပြည့် ၊ Best Talent ဆုကို ရည်မွန်မွန်ထက် ၊ Body Beauty ဆုကို မယ်ရီလင်း (Mary Lin) ၊ Miss Famous ဆုကို မေကဗျာဦး ၊ Miss Photogenic ဆုကို မယ်ရီစကားဝါ(Mary Sagawar)  ၊ Miss Royal Lake ဆုကို ကေဇင်မြင့်အောင် တို့က အသီးသီး ရရှိ ခဲ့သည်။

ထိုပြိုင်ပွဲကို Celebrity & Model Agency က ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး Miss Universe Pathein ဆု ရရှိသူကို သရဖူနှင့် အတူ ငွေကျပ် ၁၅သိန်း ၊ 1st runner up ရရှိသူကို ကျပ် ၁၀သိန်း ၊ 2nd runner up ရှိသူကို ၅သိန်း အသီးသီး ချီးမြှင့်ခဲ့သည်။

Miss Universe Pathein 2015    အဖြစ် ရွေးချယ်ခံရသည့် အိန်ဂျယ်မေ ကို ရန်ကုန်တွင် ကျင်းပ ပြုလုပ်မည့် Miss Myanmar Universe 2015 ပြိုင်ပွဲသို့ သွားရောက် မယှဉ်ပြိုင်ခင် အထိ အဖွဲ့အစည်းက လိုအပ်သည့် လေ့ကျင့်မှု များကို လုပ်ဆောင်ပေးသွား မည် ဖြစ်ပြီး ပြိုင်ပွဲတွင် ဝတ်ဆင်မည့် ဝတ်စုံကိုလည်း  စီစဉ် ပေးသွား မည် ဖြစ်သည်။

Miss Universe Pathein 2015   ပြိုင်ပွဲ၏ ဆန်ခါတင် လူရွေးပွဲကို ဇွန်လ ၂၇ရက်တွင် ပုသိမ် ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး လာရောက် လျှောက်ထားသည့် ၃၄ ဦးထဲမှ ဆန်ခါတင် အယောက် ၂၀ကို ရွေးချယ် ခဲ့ သည်။  

နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲတွင် ဆန်ခါတင် အယောက် ၂၀ထဲမှ ၁၀ဦး ၊  ၅ဦး ၊ ၅ဦး မှ Winner ၊ 1st runner up ၊ 2nd runner up ၊ 3rd runner up ၊ 4th runner up တို့ကို ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly