မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး သစ်ခန့်အပ်

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး သစ်ခန့်အပ်

မြောက်ကိုရီးယားနိုင်ငံက ပတ်ယောင်ဆစ်ဆိုသူကို ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့ People’s Armed Forces ၏ လက်ရှိ ဝန်ကြီးဖြစ်သူဟု နိုင်ငံပိုင်သတင်းမီဒီယာတွင် ဇူလိုင် ၁၁ ရက်က အတည်ပြုဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတပ်မတော်ကိုယ်စားလှယ်များနှင့် လာအိုကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲသတင်းကို ဇူလိုင် ၁၁ ရက် က ဖော်ပြရာသတင်း၌ နိုင်ငံပိုင်သတင်းစာက ပတ်ယောင်ဆစ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ပထမဆုံးဖော်ပြခဲ့ခြင်းဖြစ်သည်။

ကြယ်လေးပွင့် အဆင့်ရှိ ပတ်သည် ယခင်က နိုင်ငံရေးလုံခြုံရေးတာဝန်ယူ သည့်အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော် လုံခြုံရေးဝန်ကြီး ဌာနတွင် ဌာနဥက္ကဌအဖြစ်တာဝန်ထမ်းခဲ့သူဖြစ်သည်။ ထိုပြင် စစ်တပ်နှင့် ပါတီကွပ်ကဲရေး အတွက် နိုင်ငံရေးကွပ်ကဲမှု တာဝန်ယူ ရသည့် KPA နိုင်ငံရေးဗျူရိုဌာနချုပ်တွင်လည်း လက်ထောက်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

မေလအတွင်းက ပတ်အား ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ရာ ယခုနိုင်ငံပိုင် သတင်းဌာန၏ အတည်ပြုဖော်ပြချက်အရ အဆိုပါသတင်းထွက်ပေါ်မှုက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ပတ်အား ယခင်ကာကွယ်ရေးဝန်ကြီး ဟွမ်ယွန်ချုနေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဟောင်သည် မေလနှောင်းပိုင်းက ကွပ်မျက်ခံရ၍ သေဆုံးကြောင်း ဖြစ်ဖွယ်ရှိသည်။ ကနဦးက ဟွမ်ကို သစ္စာဖောက်မှု၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ တက်ရောက်သော အစည်းအဝေး ငိုက်မျဉ်းမှုများကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်ဟု တောင်ကိုရီးယားသူလျှိုအဖွဲ့က ထုတ်ပြန် ခဲ့သည်။

သို့သော် ဟွမ်သေဆုံးသွားကြောင်းကို တောင်ကိုရီးယားဘက်မှ စုံစမ်း၍မရဟု ထုတ်ပြန်ခဲ့ပြီးနောက် ဟွမ်ကွပ်မျက်ခံခဲ့ရမှုနှင့် ပတ်သက်၍ အတည်မပြုနိုင်ဘဲ သံသယများရှိနေခဲ့သည်။

Ref: NK NEWS

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly