ဗွက်အိုင်တွေ့၍ ဝန်ထမ်းတစ်ဦးအား ကုန်းပိုးစီး ဖြတ်သန်းသည့် ဂျပန်ဒုတိယဝန်ကြီး ဝေဖန်မှုများ ကြံု

ဗွက်အိုင်တွေ့၍ ဝန်ထမ်းတစ်ဦးအား ကုန်းပိုးစီး ဖြတ်သန်းသည့် ဂျပန်ဒုတိယဝန်ကြီး ဝေဖန်မှုများ ကြံု

တိုကျို၊ စက်တင်ဘာ ၁၃ ။            ။ ဂျပန်နိုင်ငံက ဒုတိယဝန်ကြီးတစ်ဦး ဗွက်အိုင်ကိုဖြတ်ရာ၌ လိုက်ပါလာသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ကျောကုန်းပေါ် ကုန်းပိုးစီးကာ ဖြတ်သန်းမှုကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ရှန်ဆူကီမူတိုင်းက တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် သေကျေပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးရန် အီဝါးဖူမီမြို့သို့ လာရောက်ခြင်းဖြစ်သည်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းအတွင်း လူပေါင်း ၂၀ ကျော်ထက်မနည်း သေဆုံးသည်။

သို့သော် ရုပ်မြင်သံကြားတွင် တွေ့မြင်ရသည်မှာ ဝန်ထမ်းတစ်ဦး ကျောပေါ် ကုန်းပိုးလျက် ဒုတိယဝန်ကြီးဖြစ်သူ ကီမူတိုင်းက ပြုံးပြုံးရွှင်ရွှင် ရှိနေသည်ကို မြင်တွေ့ရသည်။ ခြေထောက်မပေအောင် ကုန်းပိုးခိုင်းကာ ဗွက်အိုင်ကို ဖြတ်ခြင်းဖြစ်သည်။

ဗွက်အိုင်တွေ့၍ ဖြတ်ရာ၌ ရော်ဘာဖိနပ် ချွတ်ဖို့ကို မေ့သွားဟန်ရှိသည့် ၎င်းဒုတိယဝန်ကြီးက နောက်ပိုင်းတွင် တောင်းပန်စကားဆိုရာ၌ သူသည် မသင့်တော်သည့် လုပ်ရပ်ကို ပြုလုပ်မိကြောင်း၊ အလွန်နောင်တရစိတ်မကောင်းဖြစ်ပါကြောင်း ပြောခဲ့သည်။

ထိုသို့ ကုန်းပိုးထားသည့် ဓာတ်ပုံက လူမှုမီဒီယာတွင် ပျံ့နှံ့သွားကာ ဒုတိယဝန်ကြီးကီမူတိုင်းအား ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချပြီး အလုပ်ကို ပေါ့တန်တန် လုပ်သူဟုလည်း စွပ်စွဲအပြစ်တင်ကြသည်။

ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒါဆူဂါက ကီမူတိုင်းက အသိတရားမဲ့လွန်းသည်ဟု နောက်ပိုင်း ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags