ကင်ဆာရောဂါခံစားနေရသည့် ငါးနှစ်အရွယ်ကလေးငယ်အတွက် အဲဗာတန်အသင်း ပေါင်နှစ်သိန်း လှူဒါန်း

ကင်ဆာရောဂါခံစားနေရသည့် ငါးနှစ်အရွယ်ကလေးငယ်အတွက် အဲဗာတန်အသင်း ပေါင်နှစ်သိန်း လှူဒါန်း

စက်တင်ဘာ ၁၃၊ အင်္ဂလန် ။             ။ အဲဗာတန်အသင်းသည် ကင်ဆာရောဂါခံစားနေရသည့် ငါးနှစ်အရွယ်ကလေးငယ်လေး ဘရက်ဒလေလော်ရီအတွက် ဆေးကုသရန် ပေါင် ၂ သိန်း လှူဒါန်းခဲ့သည်။

ဘရက်ဒလေလော်ရီလေးသည် ဆန်းဒါးလန်းအသင်း၏ ပရိသတ်ဖြစ်ပြီး အဲဗာတန်နှင့်ဆန်းဒါးလန်းတို့၏ ပွဲတွင် ဆန်းဒါးလန်းအသင်း၏ လာဘ်ကောင်(mascot)အဖြစ် Stadium of Light ကွင်းကြီးအတွင်းသို့ ဦးဆောင်ဝင်ရောက်ခဲ့သည်။

နှစ်သင်းစလုံး၏ပရိသတ်များသည် ဘရက်ဒလေလော်ရီလေးအတွက် သီချင်းများသီဆိုခဲ့ကြပြီး ‘ဘရက်ဒလေနှင့်အတူ ကျွနိုပ်တို့အားလုံးအတူရှိနေသည်’ ဆိုသည့် ပိတ်စစာတန်းကို ကွင်းပတ်လည်သယ်ဆောင်ခဲ့ကြသည်။

ဘရက်ဒလေလေး၏ ရောဂါကို အမေရိကန်နိုင်ငံတွင် သွားရောက်ကုသမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ပေါင် ၇ သိန်းကျော်ရှိနိုင်ပြီး ထိုငွေကြေးပမာဏပြည့်မီနိုင်ရန် ဘရက်ဒလေလေး၏မိသားစုက ကြိုးပမ်းလျက်ရှိနေသည်။

ဆန်းဒါးလန်းနှင့် အဲဗာတန်တို့၏ပွဲစဉ်တွင် အဲဗာတန်အသင်းက တိုက်စစ်မှူး လူကာကူ၏သွင်းဂိုးသုံးဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags