ထာဝရ ကမ္ဘာ့အကြီးဆုံး ပဲဟင်းစွပ်ပြုတ်အဖြစ် ကမ္ဘာ့စံချိန် သတ်မှတ်ရန် ဥရုဂွေး တောင်းဆို

ထာဝရ ကမ္ဘာ့အကြီးဆုံး ပဲဟင်းစွပ်ပြုတ်အဖြစ် ကမ္ဘာ့စံချိန် သတ်မှတ်ရန် ဥရုဂွေး တောင်းဆို
(ဓာတ်ပုံ - အီးပီအေ)

ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမြို့မှာ  အရောအနှော အလေးချိန် (၃,၃၄၅) ကီလိုဂရမ်ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ပဲဟင်း စွပ်ပြုတ်ကို စက်တင်ဘာ ၁၁ ရက်နေ့က ချက်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလက (၂,၃၆၅) ကီလိုဂရမ်နဲ့ စံချိန်တင်ထားခဲ့သလို ဒါဟာ နှစ်နှစ်ဆက်တိုက် ချက်ပြုတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အချင်းမီတာ (၅) မီတာရှိ အိုးထဲမှာ ပါဝင်တဲ့ အရာတွေကတော့ အသား၊ ဘေကွန်နှင့် ဝက်အူချေင်း (၁၅၀) ကီလိုဂရမ်၊ lentils (ပဲ) (၆၀၀) ကီလို၊ အာလူး (၃၅၀) ကီလို၊ ခရမ်းချဉ်သီးအရည် (၁၁၅) လီတာ၊ ကြက်သွန်နီ (၆၅) ကီလို၊ ဆီ (၆၀) လီတာ၊ ဆား (၁၃) ကီလိုနှင့် ငရုတ်မှုန့်နှင့် oregano (၃) ကီလိုတို့ဖြင့် ၂ နာရီခွဲကြာ အကြီးဆုံး စွပ်ပြုတ်ဟင်းကို ချက်ပြုတ်ဖြစ်ပါတယ်။ ဒီစွပ်ပြုတ်ဟင်းကို  လူ (၁၂,၀၀၀) က စားသုံးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါဟာ တောင်အမေရိကနိုင်ငံမှာ အရေးပါတဲ့ အစဉ်အလာတစ်ရပ်ဖြစ်ပြီး ဒီပရိုဂျက်ကို Emigrante ရဲ့ စားနပ်ရိက္ခာဖြန့်ဖြူးမှု ညွှန်ကြားရေးမှူး ဒဲလ်ညာရာမာရဲ့ က ၁၁ ကြိမ်မြောက် နိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြပွဲမှာ ပြုလုပ်တာဖြစ်ပါတယ်။

သူတို့ရဲ့ စံချိန်ဟောင်းကို စိန်ခေါ်ဖို့ စံချိန်ချိုးအောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရာမာက Efe သတင်းဌာနကို ပြောပါတယ်။

ဒီပွဲစီစဉ်သူများက စွပ်ပြုပ်တွေကို ပီဆို ၅၀ (ဒေါ်လာ ၁.၇၀) ဖြင့် လူ (၁၂,၀၀၀) ခန့် ဝယ်ယူ စားသုံးဖို့ ရောင်းချနိုင်လိမ့်မည်လို့ ခန့်မှန်းထားပြီး ရရှိတဲ့ အမြတ်အစွန်းတွေကို အဓိကအားဖြင့် အာရုံကြော၊ ကြွက်သားနှင့် အရိုးများ ပုံမှန်မဟုတ့် လူငယ်များနှင့် ကလေးငယ်များ ပြန်လည် ထူထောင်ရေးကို ရည်ညွှန်းပြီး ဥရုဂွေးရှိ Telethon ဖောင်ဒေးရှင်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly