ဘီယာ (၂၇) ခွက်ကို မသယ်နိုင်တဲ့ မြူနစ်မြို့က စံချိန်သစ်ရှင်

ဘီယာ (၂၇) ခွက်ကို မသယ်နိုင်တဲ့ မြူနစ်မြို့က စံချိန်သစ်ရှင်
(ဓာတ်ပုံ - အီးပီအေ)

အသက် (၂၆) နှစ်အရွယ် ဂျာမနီနိုင်ငံသား Matthias Völkl က တစ်လီတာပြည့် ဘီယာခွက် (၂၉) ခွက်ကို တပြိုင်နက် မ,သယ်ပြီး (၄၀) မီတာ ဖြတ်လျှောက်ကာ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က မြူနစ်မြို့ရှိ Hofbraeuhaus ဘီယာခန်းမမှာ အဆိုပါဂျာမန်နိုင်ငံသားက အလေးချိန် (၇၀) ကီလိုရှိတဲ့ ဘီယာခွက် (၂၉) ခွက်နဲ့ (၄၀) မီတာ အရှည်ကို သယ်လျှောက်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘီယာ (၂) ခွက်ဟာ ကြမ်းပြင်ပေါ်ကျသွားတာကြောင့် ဘီယာ (၂၇) ခွက်နဲ့ စံချိန်ချိုးပြနိုင်ခဲ့တာဖြစ်ပါတယ်။

Völkl ဟာ ကမ္ဘာ့စံချိန်ကို စိန်ခေါ်ဖို့ တစ်ပတ် လေးကြိမ် gym ဆော့ကာ (၆)လကြာ  အပြင်းအထန် လေ့ကျင့်နေခဲ့ပြီး သူအလုပ်လုပ်ကိုင်ရာ အမျိုးသမီး လုပ်ဖောက်ကိုင်ဖက်တွေကို မ,သယ်ခြင်းဖြင့်လည်း လေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

ယခင် ဂရင်းနစ်စံချိန်ရှင်မှာ ၂၀၁၄ ခုနှစ်က ဘီယာ (၂၅) ခွက်ကို မီတာ (၄၀) ကျော် သယ်ဆောင်ပြနိုင်ခဲ့သူ ဂျာမန်နိုင်ငံသား အိုလီဗာ စတန်းဖော်လ်ဖြစ်ပါတယ်။

လက်ရှိ အမျိုးသမီးစံချိန်ရှင်မှာ ဂျမန်သူ Anita Schwarz ဖြစ်ပြီး သူမက ဘီယာ (၁၉) ခွက်ကို သယ်ဆောင်နိုင်ခဲ့ပါတယ်။

Ref; The Local, EPA, Bild

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly