လိုင်စင်ရ ကန်ထရိုက်တာအသင်း လပိုင်းအတွင်း ပေါ်ပေါက်လာဖွယ်ရှိတယ်လို့ ဆိုတဲ့ ကန်ထရိုက်တာ ဦးကိုကိုအောင်နှင့် တွေ့ဆုံခြင်း

12 September 2016
လိုင်စင်ရ ကန်ထရိုက်တာအသင်း လပိုင်းအတွင်း ပေါ်ပေါက်လာဖွယ်ရှိတယ်လို့ ဆိုတဲ့ ကန်ထရိုက်တာ ဦးကိုကိုအောင်နှင့် တွေ့ဆုံခြင်း

အရင်ဦးဆုံးအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့တုန်းက လိုင်စင်ရ ကန်ထရိုက်တာများ ဖွဲ့စည်းဖို့ဆိုပြီးတော့ သဘောထားအမြင်တွေ ဖလှယ်တာတွေ ဆွေးနွေးတာတွေ ရှိခဲ့တယ်။ အဲဒီမှာ ပြောသွားတာက လိုင်စင်မဲ့ ကန်ထရိုက်တာတွေ ပပျောက်ဖို့နဲ့ အရည်အသွေးမှီတဲ့ ဆောက်လုပ်ချက်တွေ ဆောက်လုပ်ဖို့ဆိုတဲ့ အချက်တွေ ပါတယ်ရှင့်။ ဆိုတော့ ဒီရန်ကုန်မြို့မှာ လက်ရှိအခြေအနေမှာ အရည်အသွေးမမှီတဲ့ အဆောက်အဦးတွေ ဘယ်လောက်များများ တွေ့နေရပြီလဲရှင့်။ အဲဒီ တွေ့နေရတဲ့ အခြေအနေလေး နည်းနည်းလောက် ပြောပေးပါလား။

အရည်အသွေးမမှီတဲ့ အဆောက်အဦးတွေမှာက အခု လက်ရှိက လိုင်စင်ရ ကန်ထရိုက်တာတွေက သိက္ခာရှိရှိ လုပ်တဲ့ ကန်ထရိုက်တာတွေက စံချိန်စံညွှန်းမှီအောင် ဆောက်တယ်။ တန်ရာတန်ကြေးရမှ ရောင်းတယ်။ ဒါပေမယ့် လိုင်စင်မဲ့ ကန်ထရိုက်တာတွေကျတော့ တချို့ လုင်စင်ငှားပြီးတော့ ဆောက်တယ်။ တစ်ချို့ Without နဲ့ပဲ ဆောက်တယ်။   ဆောက်တဲ့အခါကျတော့   ဆောက်တဲ့စရိတ်က ထက်ဝက်လောက် လျော့ချပြီးတော့ ဖြစ်သလိုဆောက်တယ်။ ဆောက်ပြီးတဲ့အခါကျတော့ ရတဲ့ဈေးနဲ့ ရောင်းတယ်။ ရောင်းတဲ့အခါကျတော့ တကယ် မှန်မှန်ကန်ကန်   ဆောက်တဲ့သူတွေက တန်ရာတန်ကြေးနဲ့ ရောင်းလို့မရတော့ဘူး။ မရတဲ့အခါကျတော့ သူတို့ တန်ရာတန်ကြေး မရတဲ့အခါကျတော့ ဈေးကွက်က စပြီးတော့ ပျက်လာတယ်။ ပျက်လာတဲ့အခါကျတော့ လိုင်စင်မဲ့ ကန်ထရိုက်တွေကျတော့ ဖြစ်သလိုဆောက်ပြီးတော့ သူတို့ ပြဿနာတစ်ခုခု ဖြစ်တာနဲ့ သူက ထွက်ပြေးတာပဲ။ တစ်ပိုင်းတစ်စနဲ့ ဖြတ်ပြိးတော့ ပြေးတယ်။. ပြေးတဲ့အခါကျတော့ လိုင်စင်ရှိတဲ့ ကန်ထရိုက်တွေက လုပ်ငန်းတွေပျက်တဲ့အခါကျတော့ ဆက်ပြီးတော့ ရှေ့တိုးလို့ မရတော့ဘူးပေါ့။ မရတဲ့အခါကျတော့ ဘာဖြစ်ကုန်လဲဆိုတော့ လုံးဝ ဈေးကွက်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက ရပ်သွားတယ်။ ရပ်သွားတဲ့အခါမှာ ဒီဒုက္ခတွေက လွတ်မြောက်အောင်လို့ လိုင်စင်မဲ့ ကန်ထရိုက်တာတွေ ပပျောက်အောင်ရယ် နောက်ပြီးတော့ ဒီဖြစ်သလို ဆောက်ရောင်းတဲ့အခါအမှာ ဒီလူတွေရဲ့ လုပ်ရပ်ကြောင့် လိုင်စင်ရကန်ထရိုက်တာတွေရဲ့ လုပ်ငန်းတွေ ထိခိုက်လာမှာစိုးလို့ ဒီ လိုင်စင်မဲ့ကန်ထရိုက်တာ ပပျောက်ရေးနဲ့ လိုင်စင်ရ ကန်ထရိုက်တာ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီးတော့ စတင်ပြီးတော့ ဖွဲ့စည်းဖို့ ကြိုးစားတာပါ။

ဟုတ်ကဲ့ရှင့်။ အဲဒီအသင်း ဖြစ်မြောက်အောင်မြင်အောင် ပထမဦးဆုံးအကြိမ် အစည်းအဝေးလုပ်တုန်းက လုပ်ငန်းရှင် ၉၀၀ လောက်တက်တာကို ကျွန်မတို့ တွေ့ရတယ်ရှင့်။ အဲဒီလုပ်ငန်းရှင် ၉၀၀ ကျော်ထဲမှာရော လိုင်စင်ရကန်ထရိုက်တာတွေချည်းပဲလား ဒါမှမဟုတ် အဲဒီအထဲမှာ လိုင်စင်မဲ့ ကန်ထရိုက်တာတွေရော ပါလားရှင့်။ သိသလောက်လေး ပြောပေးပါလား။

အခု တက်တဲ့သူအားလုံးက လိုင်စင်ရကန်ထရိုက်တာချည်းပဲ မဟုတ်ပါဘူး။ တက်တဲ့သူအားလုံးထဲမှာ လိုင်စင်မရှိသေးတဲ့ ကန်ထရိုက်တာတွေလည်းပါတယ်။ ဆောက်လုပ်ရေးလောကနဲ့ ဆက်စပ်တဲ့ လူတွေလည်း ပါတယ်။ ပြီးတော့ ကန်ထရိုက်လိုင်စင် မရှိသေးပေမယ့် ကုမ္ပဏီလိုင်စင် ရှိတဲ့သူတွေလည်း ရှိတယ်။ တချို့က ကုမ္ပဏီထောင်ထားပေမယ့် ကန်ထရိုက်လိုင်စင် မရှိဘူး။ တချို့က ကုမ္ပဏီ မထောင်ထားဘူး ကန်ထရိုက်လိုင်စင် ရှိတယ်။ ဒီလိုလူမျိုးတွေပါ လာတက်တဲ့အတွက်ကို လူက နဲနဲများသွားတယ်။ သို့သော် တရားဝင် စည်ပင်မှာ လိုင်စင်တင်ထားတာကလည်း ကန်ထရိုက် လိုင်စင်က ၁၀၀၀ ကျော်ရှိတယ်။ ၁၀၀၀ ကျော်လုံးက ကန်ထရိုက်လိုင်စင် လာတက်တာမဟုတ်သော်လည်းပဲ တခြားကုမ္ပဏီပိုင်ရှင်တွေရော ဆောက်လုပ်ရေးနဲ့ ဆက်စပ်တဲ့ လူတစ်ချို့ရော ပါတဲ့အတွက် ဒီထဲမှာ တက်တာ ၉၀၀ ကျော်လောက် ရှိပါလိမ့်မယ်။ တကယ်တော့ လိုင်စင်ရှိတဲ့သူချည်းပဲက ခန့်မှန်းခြေ ၆၀၀ လောက် တက်တယ်လို့ ယူဆရတယ်။

လက်ရှိအခြေအနေမှာ အဲဒီ လိုင်စင်မဲ့ ဆောက်လုပ်နေတာက တော်တော်ကို ဆိုးဝါးနေပြီလား။ ဘယ်နှစ်ခုနှစ်လောက်က စပြီးတော့ အဲလို လိုင်စင်မဲ့တွေ ဖြစ်လာတာလဲ။

လိုင်စင်မဲ့ဆောက်တဲ့ဟာက ဘယ်အချိန်မှာ စပေါ်လာတာလဲဆိုတော့ အရပ်စာချုပ်တွေ ပေးတဲ့အချိန်။ အရပ်စာချုပ်တွေနဲ့ ဂရမ်မရှိပေမယ့်လည်း အရပ်စာချုပ်တွေ ရှိရင် သုံးထပ်ပေးတယ်ဆိုပြီးတော့ ပါမစ်ပေးတဲ့အချိန်က စပြီးတော့ ပိုဆိုးလာတယ်။ ဘာလို့လဲဆိုတော့ လိုင်စင်မဲ့ ကန်ထရိုက်တွေက ဂရမ်မရှိတဲ့ဟာတွေကို လိုင်စင်လည်းမလိုဘူး။ သူတို့ပေးတဲ့ စည်းမျဥ်းကပေါ့။ လိုင်စင်၇ှိဖို့မလိုဘူး။ လိုင်စင်ကန်ထရိုက်လည်း မထိုးရတဲ့အခါကျတော့ သူတို့က Without တွေဆောက်တယ်။ ဆောက်တဲ့အခါကျတော့ ...

အဲတော့ လိုင်စင်မလျှောက်တာက တရားဥပဒေကို မလိုက်နာတာလား ဒီလိုင်စင်မလျှောက်တာက တရားဥပဒေ စိုးမိုးမှု အားနည်းလို့လား နောက်ပြီးတော့ ဦးကိုကိုအောင်အနေနဲ့ကော လိုင်စင်နဲ့ ဆောက်လုပ်နေတာ ဘယ်နှစ်ခုနှစ်လောက်ကတည်းကလဲ။ အဲဒီအခြေအနေကရော။

ကျွန်တော် ကန်ထရိုက်စလုပ်တာက ၁၉၈၄ ခုနှစ်မှာ စလုပ်တယ်။ နိုင်ငံတော် ပရောဂျက်တွေကို စလုပ်တယ်။ အဲဒီအချိန်မှာ ပုဂ္ဂလိကအိမ်ယာတွေ ဆောက်ရောင်းတဲ့ခေတ်က သိပ်မရှိသေးဘူး။ မရှိသေးပေမယ့် နိုင်ငံတော်အစိုးရ စီမံကိန်းတွေဆောက်တယ်။ အစိုးရအကြီးအကဲတွေနဲ့ ပုဂ္ဂလိက အရပ်သားအိမ်တွေ လုံးချင်းအိမ်တွေကို ကန်ထရိုက်စနစ်နဲ့ ဆောက်တယ်။ အဲဒီအချိန်မှာ စည်ပင်မှာ စပြီးတော့ ကန်ထရိုက်လိုင်စင် စပြီးတော့ တင်ရတဲ့အချိန်က ခန့်မှန်းခြေ ဗိုလ်မှူးကြီး မောင်မောင်သော် အမှုဆောင်အရာရှိချုပ် အဲဒီတုန်းက စည်ပင်ကော်မတီမြို့တော်ဝန် မပေါ်သေးဘူး။ ဗိုလ်မှူးကြီး မောင်မောင်သော်ခေတ်မှာ ဘက်ဂျက်နဲ့ ငွေစာရင်းဌာနမှာ ငွေကျပ် ၅၀၀၀ တင်ရတယ်။ ကန်ထရိုက်လိုင်စင်ကြေး။ လိုင်စင်ကြး ၅၀၀၀ တင်ရတဲ့ခေတ်မှာ စုစုပေါင်း လိုင်စင်ရကန်ထရိုက်က ၁၀ ဦးလောက်ပဲရှိတယ်။ အဲဒီအချိန်တည်းကိုက ကျွန်တော်က ရှေ့ဆုံးက ထိပ်ဆုံးက ကန်ထရိုက်တစ်ယောက်အနေနဲ့ ငွေကျပ် ၅၀၀၀ ခေတ်မှာ အဲဒီအချိန်က ငွေ ၅၀၀၀ တင်ပြီးတော့ ဘတ်ဂျက်နဲ့ ငွေစာရင်းဌာနမှာ ငွေသွင်းပြီးတော့ အဲဒီက ကန်ထရိုက်လိုင်စင် စလုပ်တယ်။

ဟုတ်ကဲ့ ဒါဆိုလို့ရှိရင် လက်ရှိအခြေအနေမှာ ဆောက်လုပ်ခွင့် ပါမစ်ကျဖို့အတွက် သိန်း ၅၀ သွင်းရတယ်ဆိုတာတွေလည်း ကြားရတယ်ရှင့်။ ဒါအပြင် အခြား ဘာအခက်ခဲတွေများ ရှိသေးလဲ။ အဲဒီအပေါ်မှာ ပြောပြပေးပါဦး။

သိန်း ၅၀ ဆိုတာက အရင်တုန်းက အဲဒါမရှိဘူး။ မကြာခင် နှစ်အနည်းငယ်အတွင်းမှာ ပေါ်လာတာက အထပ်မြင့် အဆောက်အအုံး ၅ ထပ်နှင့်အထက် ဆောက်လို့ရှိရင် တစ်လုံးချင်းကို ကျွန်တော်တို့ အကြီးတန်း ကန်ထရိုက်တာတစ်ယောက်က တစ်နှစ်ကို ၁၅ လုံးပဲ ဆောက်ခွင့်ပေးတယ်။ လိုင်စင်တစ်ခုကို။ ၁၅ လုံးပဲ ဆောက်ခွင့်ပေးတဲ့အထဲမှာ ၅ ထပ်နှင့်အထက်ကို တစ်လုံးကို သိန်း ၅၀ တင်ရတယ်။ အဲဒီသိန်း ၅၀ သည် အပြီးပေးရတာမဟုတ်ဘူး။ သိန်း ၅၀၀ သည် အတည်ယူထားတယ်။ သိန်း ၅၀ သည် ဒီအဆောက်အအုံ ပြိးသွားလို့ရှိရင် ပြန်ပေးတယ်။ သူက ပါမစ်ချပေးတဲ့အချိန်မှာ ပါမစ်သွင်းပြီးမှ ပါမစ်ကို ချပေးတယ်။ ပါမစ်ချပြီးလို့ ဒီအဆောက်အဦးပြီးစီးကြောင်း သက်သေခံလက်မှတ်ပေါ့ လူနေထိုင်ခွင့် လက်မှတ်မဟုတ်ဘူး။ လူတွေက လူနေထိုင်ခွင့်လို့ နားလည်မှုလွဲကြတယ်။ BC ဆိုတာ အဆောက်အအုံး ပြီးစီးကြောင်း သက်သေခံလက်မှတ်ကိုပြောတာ။ အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံ လက်မှတ်ရပြီးလို့ရှိရင် သိန်း ၅၀ ပြန်ထုတ်ပေးတယ်။ သို့သော် အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ် ရပြီးလို့ရှိရင် တင်လိုက်ရင်တောင်မှ ဒီ ငွေ သိန်း ၅၀ က တော်တော်နဲ့မထွက်ဘူး။ ငွေစာရင်းသဘောအရဆိုရင် ဒီ သိန်း ၅၀ သည် ယာယီအပ်နှံ့ငွေဖြစ်ရမယ်။ ဒီ သိန်း ၅၀ က ယာယီပေါ့။ အာမခံယူထားတဲ့သဘောမျိုးပေါ့။ ယာယီအပ်နှံ့ငွေမဖြစ်ပဲနဲ့ သူက သူတို့ငွေစာရင်း အကောင့်ထဲကို ထည့်လိုက်တဲ့အခါကျတော့ ဒီငွေပြန်ပေးခါနီးကျရင် အဆင့်ဆင့်   ပြန်တောင်း ရတယ်။ ပြန်ထုတ်ပေးဖို့ကို ခွင့်ပြုချက် တောင်းတဲ့အတွက် မကြာသင့်ပဲနဲ့ ကြာကုန်တယ်။ အဲတော့ လုပ်ထုံးလုပ်နည်း နဲနဲလွဲနေတယ်လို့ ထင်တာပေါ့။ တကယ်တော့ ယာယီချက်နဲ့ ထားထားရင် ပြီးတာနဲ့ တင်လိုက် PO ချက်ကို တင်လို့ရှိရင် ပြီးပြီလေ။ သို့သော် PO ချက်မှာ ပြောစရာတစ်ခုတော့ရှိမယ်။ PO ချက်က ၆ လသက်တမ်းပဲ ရှိတယ်ဆိုလို့ရှိရင် သက်တမ်းတိုးလို့ရတာပဲ။ ထုတ်ပြီးတော့မှ သက်တမ်း တိုးလို့ရှိရင် နာရီပိုင်းအတွင်း ပြီးတဲ့အလုပ်ကို အခုလို တောင်းနေရတဲ့အခါကျတော့ မကြာသင့်ပဲ သုံးလေးလကြာတော့ အချိန်တွေ ကုန်တယ်။ အဲဒါတွေ အခက်အခဲတွေ ရှိတာပေါ့။

ဟုတ်ကဲ့ပါ နောက်ဆုံးတစ်ခုလောက် ပြောချင်တာက ဒီ အသင်းကိုလုပ်တာက အခက်အခဲတွေကို ပြေလည်စေဖို့ဆိုတာလည်း ပါတယ်လေ။ အသင်းကို ဘယ်တော့လောက် အပြီးသတ်မလဲ ပြီးတော့ အသင်းမှာ လူဘယ်နှစ်ယောက်လောက် ပါမလဲရှင့်။ အဲဒါလေး နောက်ဆုံး ပြောပေးပါလား။

၁၄ ရက်အတွင်းမှာ EC ဖွဲ့ဖု့ိအတွက် အသင်း မှတ်ပုံတင်ရဦးမှာကို ။ တင်ပြီးလို့ရှိရင်တော့ ထင်တယ် အမြန်ဆုံးကတော့ တစ်လနှစ်လအတွင်းမှာတော့ ဒီအသင်းက အမြန်ဆုံး အကောင်အထည်   ပေါ်လာလိမ့်မှာပါ။ လိုင်စင်ခွင့်ပြုမိန့် အသင်းမှတ်ပုံတင်တဲ့အထိပေါ့။ တစ်လနှစ်လအတွင်း မကြာဘူးထင်ပါတယ်။ အခုက ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထင်တာထက်ကို စိတ်ဝင်စားတဲ့သူက ပိုများနေတယ်။ ဒီအသင်းအဖွဲ့ကြီးကိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခံစားရတဲ့သူကလည်း များနေတဲ့အခါကျတော့ အခြားအသင်းအဖွဲ့တွေထက်ကို ပိုပြီးတော့ လူက စည်စည်ကားကား   ဖြစ်လာတဲ့အတွက်ကို လူတွေရင်ထဲမှာ ဘယ်လောက်တောင် ခံရနေရတယ်ဆိုတာကို ဒါအဖြေပဲလေ။ အခြားအသင်းအဖွဲ့တွေ လုပ်တာ ဒီလောက် လူစည်ကားတာ မတွေ့ဖူးသေးဘူး။ အဲဒီနေ့က မိုးတွေလေတွေ အများကြီး ထဲမှာမှ လူတွေအများကြီးတက်တဲ့အတွက် ရင်ထဲမှာ သူတို့ ဖီလင်ရှိနေတာပေါ့နော်။ ဒါတောင်မှ အချိန်အကန့်အသတ်နဲ့မိုလို့ မဟုတ်ရင် ပြောမယ့်သူက ရာနဲ့ချီပြိးတော့ တင်ပြမယ့်သူ ရှိကောင်းရှိနိုင်မယ်။ အခုလိုမျိုး ခံစားနေရတဲ့အခါကျတော့ မြန်မြန်ဖွဲ့ပြီးတော့ မြန်မြန် ကိုယ့်ရဲ့ ဖြစ်နေတဲ့ အခက်အခဲကို အဆင့်ဆင့်တင်ပြရင် ကျန်တာတွေ ကျွန်တော်တို့အခက်အခဲတွေ အနည်းနဲ့အများ အဆင်ပြေ သွားနိုင်မယ်လို့ ယူဆတယ်။ အဲဒါကြောင့်မို့ အသင်းက ကျွန်တော်ထင်ပါတယ်။ လပိုင်းအတွင်းမှာ အကောင်အထည်ပေါ်လာမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly