သတင်းယူစဉ် ရန်ပြုခံရသည့် သတင်းသမား တရားရုံးတွင် ဦးတိုက်လျောက် တိုင်ကြား

သတင်းယူစဉ် ရန်ပြုခံရသည့် သတင်းသမား တရားရုံးတွင် ဦးတိုက်လျောက် တိုင်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။            ။ ဆန္ဒပြသူများက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သဖြင့် ထိခိုက်နစ်နာခဲ့သူ သတင်း မီဒီယာသမားအနေဖြင့် ဗဟန်းမြို့ နယ် တရားရုံးတွင် ဥပဒေကြောင်းအရ အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ရက်နေ့က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်ခဲ့သည့် အမျိုးသားရေး ထိပါးနှောက်ယှက် သူ များကို ကန့်ကွက် ရှုတ်ချသည့်ပွဲတွင် ဆန္ဒပြသူများနှင့် ရပ်ကွက်နေပြည်သူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုတွင် သတင်း ရယူနေသည့် သတင်းထောက် ကိုမြတ်သူကျော်ကို ဆန္ဒပြသူများက ဝိုင်းဝန်းပြီး ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် ကျူး လွန်မှုများပြုလုပ်ခဲ့ကာ ကင်မရာကို လုယူခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားဆွဲဆိုရန် လျောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ကိုမြတ်သူကျော်က ပြောသည်။

" ကျွန်တော်ကို ခြိမ်းခြောက်တာပါရှိတယ်။ သတ်ပစ်ကွာ ဘာညာနဲ့ပြောတယ်။ ကျွန်တော် ကင်မရာကိုပါ လုတယ်။ ပြီး တော့ ကျွန်တော်ကို ဝိုင်းလိုက်တယ်။ ဝိုင်းပြီးတော့ ထိုးတယ်" ဟု ကိုမြတ်သူကျော်က ပြောသည်။

သတင်းသမားများအနေဖြင့် သတင်းရယူရာတွင် ခြိမ်းခြောက်ခံရခြင်းများကို တွေ့ကြုံခဲ့ရခြင်းများ ရှိသည့်အတွက် ယခုအ ချိန်တွင် တရားစွဲဆိုခြင်း မပြုလုပ်ပါက အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများ ကြုံလာနိုင်ခြင်းကြောင့် တရားစွဲခြင်း ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

"ဗိုလ်စိန်မှန်လို ရန်ကုန်မြို့လယ်ကောင်မှာ ရဲတွေရှိပါလျက်နဲ့ အခုလို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတာ တရား ဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ကို ထောင်ကျပါစေလိုတဲ့ စိတ်မရှိပဲ တရားဥပဒေ အတိုင်းသာ ဆက်လက်ရင်ဆိုင်သွားမယ်" ဟု အဆိုပါဖြစ်စဉ်တွင် ပါဝင်ကူညီပေးသူ မြန်မာ့တိုင်းသတင်းစာမှ ဓါတ်ပုံ အယ်ဒီတာ ကိုကောင်းထက်က ပြောသည်။

 ဆေးစာနှင့်တကွ သက်သေခံရုပ်သံမှတ်တမ်းများကို တရားရုံးသို့ ယနေ့တွင် တင်ပြလျှောက်ထားခဲ့ပြီး တရားရုံးမှ ကျင့် ထုံး ဥပဒေ ပုဒ်မ ၂၀၂ အရ ဗဟန်းမြို့နယ် ရဲစခန်းကို ပြန်လည်စစ်ဆေးခိုင်းခဲ့ပြီး ရုံးချိန်းကို စက်တင်ဘာ ၂၆ ရက်နေ့သို့ ပြန်ချိန်းဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly