အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု သံသယရှိရသော အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ဦးကို ပြင်သစ်ရဲများ ဖမ်းဆီး

အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု သံသယရှိရသော အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ဦးကို ပြင်သစ်ရဲများ ဖမ်းဆီး

စက်တင်ဘာ ၁၂ ။                   ။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အကြမ်းဖက်မှု လုပ်ဆောင်ရန် ကြံစည်ထားသည်ဟု ယူဆရသော အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ဦး ရဲများက ဖမ်းဆီးခဲ့ရသည်။ ယင်းအတွက်ကြောင့် ယခုသီတင်းပတ်ထဲမှာပင် တွေ့ရှိရသော ဒုတိယမြောက် အကြမ်းဖက်စီစဉ်မှုဖြစ်စဉ်လည်း ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း Notre Dame ဘုရားရှိခိုးကျောင်း အနီး ဓါတ်ငွေ့အိုးများ အပြည့်တင်ဆောင်လာသော ကားတစ်စီးနှင့် လိုက်ပါလာသူ အမျိုးသားအမျိုးသမီး ခုနစ်ဦးကိုလည်း ရဲများက ဖမ်းဆီးခဲ့ရပြီး ပါရီ ဘူတာရုံတစ်ခုကို တိုက်ခိုက်ရန် စီစဉ်ထားသည်ကို ဖော်ထုတ်တွေ့ရှိစစ်ဆေးနေရလျက်ရှိသည်။

ယခုနောက်တစ်ကြိမ်ဖမ်းဆီးခဲ့ရသူ အသက် ၁၅ နှစ်ရှိ ကောင်လေးကို ယခုအခါ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းစစ်ဆေးနေလျက်ရှိသည်ဟု အာဏာပိုင်များက ပြောသည်။

စစ်ဆေးချက်များအရ ၎င်းကောင်လေးမှာ မြို့တော် ပါရီရှိလူစည်းကားရာ နေရာတစ်နေရာကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်ထားသူဖြစ်ကြောင်း ရဲများက သံသယရှိနေကြသည်။

သတင်းရင်းမြစ်တစ်ချို့အရ ၎င်းမှာ ပြင်သစ် အစ္စလမ္မစ် စစ်သွေးကြွ ရာရှစ် ကက်ဆင်နှင့် ချိတ်ဆက်မှုရှိနေကြောင်း ဖော်ထုတ်သိရှိထားသည်ဟုလည်း သိရသည်။

လက်ရှိနိုင်ငံတွင်မူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက် အိုင်အက်စ်စစ်သွေးကြွများ လက်ချက်ဖြင့် လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း အရေးပေါ်အခြေအနေ   ကြေညာထားကာ ရဲများက မသင်္ကာသူ အကြမ်းဖက် သံသယ တရားခံများကို ဖမ်းဆီး စစ်ဆေးနေလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags