Glaxy Note 7 များ ပြန်သိမ်းပြီးနောက် ဆမ်ဆောင်း ရှယ်ယာများ ထိုးကျ

Glaxy Note 7 များ ပြန်သိမ်းပြီးနောက် ဆမ်ဆောင်း ရှယ်ယာများ ထိုးကျ

ဆိုးလ်၊ စက်တင်ဘာ ၁၂ ။          ။ ဆမ်ဆောင်းကုမ္ပဏီက Glaxy Note 7 ဖုန်းများကို မီးလောင် ပေါက်ကွဲနိုင်ခြင်းကြောင့် ဝယ်ထားသူများ အသုံးပြုခြင်း မပြုကြရန် တိုက်တွန်းထားပြီး   ပြန်လည် လဲလှယ်ပေးပြီးနောက် ကုမ္ပဏီ၏ ရှယ်ယာများက နှစ်လတာအတွင်း အနိမ့်ဆုံးသို့ စက်တင်ဘာ ၁၂ ရက်၌ ထိုးကျသွားသည်။

တောင်ကိုရီးယား ဆမ်ဆောင်းကုမ္ပဏီအနေဖြင့် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်း ရှယ်ယာဈေးက ၅ ရာခိုင်နှုန်းကျော် ကျဆင်းခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က Note 7 ဖုန်းက အားသွင်းနေစဉ် ပေါက်ကွဲမှု ဖြစ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ဖုန်းအလုံးပေါင်း ၂ ဒဿမ ၅ သန်းအား ပြန်လည်သိမ်းယူခဲ့သည်။

အမေရိကန်တွင် အာဏာပိုင်များက လေယာဉ်စီး ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်ရှိစဉ် ယင်းဖုန်းအား အသုံးပြုခြင်း သို့မဟုတ် အားသွင်းခြင်းမပြုလုပ်ရန်လည်း သတိပေးထားသည်။

နိုင်ငံအချို့မှ လေကြောင်း အာဏာပိုင်အဖွဲ့များနှင့် တစ်သီးပုဂ္ဂလ လေကြောင်းလိုင်းများကလည်း လေယာဉ်ပေါ် Note 7 ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags