လိင်ညစ်ညမ်းဝက်ဆိုက်များ ဝင်ကြည့်သူ လေးဦးလျှင် တစ်ဦးမှာ အမျိုးသမီးဖြစ်

လိင်ညစ်ညမ်းဝက်ဆိုက်များ ဝင်ကြည့်သူ လေးဦးလျှင် တစ်ဦးမှာ အမျိုးသမီးဖြစ်

လိင်ညစ်ညမ်းကားများကို ကြည့်ရှုသည့် အမျိုးသမီးဦးရေနှုန်းထားသည် ယခင်ကထက် ပိုမိုများပြားလာခဲ့ကြောင်း ဆန်းစစ်ချက် တစ်ရပ်အရသိရသည်။

ကမ္ဘာအကြီးဆုံး ညစ်ညမ်းဝက်ဘ်ဆိုက်တွင် လော့အင်ဝင်ထားကြသူ လေးဦးလျှင် ပျမ်းမျှတစ်ဦးနှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး အသက် ၃၅ နှစ်အောက် ဝန်းကျင်ပိုင်း အမျိုးသမီးများက အများဆုံးဖြစ်သည်။

သုတေသနပြုလုပ်သူများက ဝက်ဘ်ဆိုက်ပေါ်တွင် လိင်ကာမဆက်ဆံသည့် ညစ်ညမ်းကားများ ဝင်ရောက်ကြည့်ရှုသူပေါင်း ၇၈ ဘီလီယံရှိသည့် Pornhub ဝက်ဘ်ဆိုက်သို့ ဝင်ရောက်သူဦးရေ၏ ၂၄ ရာခိုင်နှုန်းကို ဆန်းစစ်တွက်ချက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ အမျိုးသမီးများ ပိုမိုဝင်ရောက်ကြည့်ရှုလာခြင်း၏ အဓိကအကြောင်းတစ်ချက်မှာ ဝက်ဘ်ဆိုက် များသို့ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်သည့် စမတ်ဖုန်းများ သုံးစွဲမှု များပြားလာခြင်းကြောင့်လည်း ပါဝင်သည်။

ဝက်ဘ်ဆိုက်လမ်းကြောင်းနှင့် အချက်အလက် စိစစ်ရေးသုတေသီများ၏ ဆန်းစစ်ချက်အရ ညစ်ညမ်းဆိုက်များသို့ ဝင်ရောက် ကြည့်ရှုကြသည့် အရေအတွက်ပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် စမတ်ဖုန်းများဖြင့် ဝင်ရောက်ကြည့်ရှုကြခြင်းဖြစ်ပြီး ၇ ရာခိုင်နှုန်းက တက်ဘလက်များနှင့် ၃၃ ရာခိုင်နှုန်းက ကွန်ပြူတာတို့ဖြင့် ညစ်ညမ်းကားများကို ကြည့်ရှုနေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု လိင်ဆက်ဆံကားများ စွဲလမ်းမှုဖြတ်နိုင်ရေး အကြံပေးဝန်ဆောင်မှုဖြစ်သည့် ဗြိတိန်နိုင်ငံမှ Quit Porn Addiction အဖွဲ့ကပြော သည်။

ယခုကဲ့သို့ ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ အမျိုးသမီးများ ပိုမိုဝင်ရောက်ကြည့်ရှုလာခြင်း၏ နောက်ထပ်တွန်းအားဖြစ် သွားစေသည် မှာ E.L. James ရေးသားသည့် 50 Shades of Grey ဝတ္တုကြောင့်လည်းပါဝင်သည်ဟု ပညာရှင်များက ပြောသည်။

ယင်းဝတ္တုသည် ကမ္ဘာတစ်ဝန်း အုပ်ရေ ၁၂၅ သန်းကျော် ရောင်းချခဲ့ရပြီး ရုပ်ရှင်အဖြစ်လည်း ဟောလီးဝုဒ်ကြယ်ပွင့်များဖြစ်သည့် Jamie Dorman နှင့် Dakota Johnson တို့နှင့် ရုပ်ရှင်ရိုက်ကူးပြသခဲ့သည်။ ဇာတ်လမ်းမှာ သဘာဝလွန်လိင်ဆက်ဆံတတ်သည့် မင်းသားကို ချစ်သူဖြစ်သွားသည့် မင်းသမီးဖြစ်သူက ၎င်း၏ ယင်းလိင်စိတ်အား လက်ထပ်အတူနေပြီး ပြုပြင်ပြောင်းလဲရန် ကြိုးစားပုံကို ရိုက်ကူးထားခြင်းဖြစ်သည်။

သုတေသနအချက်အလက်မျုားအရ အမျိုးသမီးများ ညစ်ညမ်းဆိုက်များသို့ ဝင်ကြည့်သည့်နေ့သည့် တနင်္လာနေ့သည် အပြတ် အသတ် သိသိသာသာအများဆုံးနေဖြစ်ကြောင်း တွေ့ရပြီး စနေနေ့သည် အနည်းဆုံးဖြစ်သည်ဟုဆိုသည်။

အကုန်လုံး သုံးသပ်ချက်အရ အဆိုပါ Pornhub ဆိုက်သို့ ဝင်ကြည့်သူများ၏ ၆၀ ရာခိုင်နှုန်းမှာ အသက် ၃၅ နှစ်အောက် များဖြစ် သည်။ ည ၁၁ နာရီနောက်ပိုင်း ဝင်ရောက်ကြည့်ရှုလေ့ရှိပြီး ဆယ်မိနစ်ခန့် ကြည့်ရှုခြင်းများဖြစ်သည်ဟု တွေ့ရှိခဲ့သည်။

ထိုသို့ ဝင်ရောက်ကြည့်ရှုမှုတွင် ကမ္ဘာတစ်ဝန်း ရှာဖွေကြည့်ရှုမှုအများဆုံးမှာ အင်တာနက်တွင် ၂၀၀၇ ခုနှစ်က ပျံ့နှံ့သွားခဲ့သည့် အသက် ၃၄ နှစ်ရှိ မင်းသမီး ကင်ကာဒစ်ရှန်း၏ ဗီဒီယိုဖြစ်ပြီး လက်ရှိအချိန်ထိလည်း ၎င်း၏ ဗီဒီယိုမှာ ကြည့်ရှုသူအများ ဆုံးဖြစ်နေ ပြီး ဝင်ရောက်ကြည့်ရှုမှုပေါင်း ၉၃ သန်းကျော်ရှိနေပြီဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် လိင်ညစ်ညမ်းကားကြည့်ရှုခြင်း စွဲလမ်းမှုဖြစ်နေသူပေါင်းမှာ တစ်သန်းကျော်မက ရှိနေပြီး ယင်းဦးရေတွင် သုံးဦး လျှင် တစ်ဦးနှုန်းကျသည် အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

Ref: MailOnline

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly