တနင်္သာရီမြို့တွင် မူးယစ်ဆေးဖြတ်ရန် စာရင်းပေးထားသူ (၂၆)ဦးထိရှိ လာ

တနင်္သာရီမြို့တွင် မူးယစ်ဆေးဖြတ်ရန် စာရင်းပေးထားသူ (၂၆)ဦးထိရှိ လာ
ဆေးဖြတ်ချင်သူများစာရင်းပေးခြင်းနှင့် ပညာပေးကုသမှုပြုလုပ်လျက်ရှိစဉ်။ (ဓာတ်ပုံ- ဇော်နီ)

မြိတ်၊ စက်တင်ဘာ-၁၁ ။            ။  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် မူးယစ်ဆေးဝါးစွဲနေပြီး ဆေးဖြတ်ရန်စာရင်းပေးထားသူ စုစုပေါင်း (၂၆)ဦးထိရှိလာကြောင်း တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မူးယစ်ဆေးသုံးစွဲနေသူ၊ ဆေးဖြတ်မည့်သူများ အနေဖြင့် လက်ရှိတွင် ကျား(၂၄)ဦး၊ မ(၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ အခြေအနေပေါ် မူတည်၍ ဆေးရုံတက်ကုသ၍ ဆေးဖြတ်စေခြင်း၊ မိဘအုပ်ထိန်းမှုအောက်နေ၍  ပုံမှန်ဆေးရုံပြသဆေးဖြတ်စေခြင်းဟူ၍ ဆေးဖြတ်နည်း နှစ်နည်းဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

 မူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အုပ်ထိန်းသူနှင့်အတူလာရောက် စာရင်းပေးသွင်းနိုင်ပြီး ဆေးဖြတ်ခြင်းအတွက်   ငွေကြေးကုန်ကျမှုမရှိဘဲ   ဆေးပြတ်သည်အထိ ကျန်းမာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် တနင်္သာရီမြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်အောင်၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာ ဇော်အောင်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် ဆေးဖြတ် လူနာများကို  ခရိုင်ပြည်သူဆေးရုံကြီးတွင် အားပေးစကားပြောကြားခြင်း ၊ အသိပညာပေးပြောကြားခြင်း ဆေးဖြတ်နိုင်ရေးအတွက် စမ်းသပ်စစ်ဆေးခြင်း ၊ လိုအပ်သောဆေးဝါးများထောက်ပံပေးခြင်းများကို စက်တင်ဘာ(၁၁) ရက် နံနက်က ဆောင်ရွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly