နျူကလီးယားဖြင့် ရန်စလာပါက ပြံုယမ်းမြို့ ပြာပုံဖြစ်သွားအေင် တောင်ကိုရီးယား၌ အစီအစဉ်ရှိထားဟုဆို

နျူကလီးယားဖြင့် ရန်စလာပါက ပြံုယမ်းမြို့ ပြာပုံဖြစ်သွားအေင် တောင်ကိုရီးယား၌ အစီအစဉ်ရှိထားဟုဆို

ဆိုးလ်၊ စက်တင်ဘာ ၁၀ ။            ။ နျူးကလီးယားတိုက်ခိုက်မှု အစပျိုးလာမည့် အရိပ်အယောင်မြင်သည်နှင့် မြောက်ကိုရီးယားနိုင်ငံ၏ ပြုံယမ်းမြို့တော်အား ပြာပုံဘဝရောက်သွားစေမည့် အစီအစဉ် တောင်ကိုရီးယားတွင် ရှိထားကြောင်း တောင်ကိုရီးယားသတင်းဌာနက ဖော်ပြသည်။

“ပြုံယမ်းမြို့ရဲ့ နေရာတိုင်းကို ဖျက်အားပြင်းဒုံးတွေ၊ ပေါက်ကွဲအားပြင်းဒုံးကျည်တွေနဲ့ လုံးလုံး ချေမှုန်း ပစ်မည်ဖြစ်ကြောင်း” စစ်တပ်သတင်းရင်းမြစ်တစ်ရပ်က ယွန်ဟတ်သတင်းဌာနသို့ ပြောကြားခြင်းဖြစ်သည်။

ယွန်ဟတ်သတင်းဌာနသည် တောင်ကိုရီးယားအစိုးရနှင့် နီးစပ်သည့် သတင်းဌာနဖြစ်ကာ ပြည်သူ့ရန်ပုံငွေဖြင့် လည်ပတ်နေသော သတင်းဌာနတစ်ရပ်ဖြစ်သည်။

စက်တင်ဘာ ၈ ရက်က မြောက်ကိုရီးယားနိုင်ငံသည် ငါးကြိမ်မြောက်နှင့် အကြီးဆုံးလည်းဖြစ်သော နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ခဲ့သည်။

ထိုလုပ်ရပ်အတွက် နိုင်ငံတကာက တုံ့ပြန်ရန် စဉ်းစားသုံးသပ်လျက်ရှိနေချိန်လည်း ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က အသီးသီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းတွင် ကိုယ်ပိုင်ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံချမှတ်ရန် သုံးသပ်နေကြောင်း အမေရိကန်က ပြောသည်။

မြောက်ကိုရီးုယားဖက်က စက်တင်ဘာ ၁၀ ရက်တွင် အနှစ်မဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုဖြင့် ခြိမ်းခြောက်နေခြင်းက အလွန်ရယ်စရာကောင်းနေကြောင်း တုံ့ပြန်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly