အိုင်အက်စ်ကို စောင့်ကြည့်ရန် ဒရုန်းများချထားရေး မြောက်အာဖရိကနိုင်ငံ များနှင့် အမေရိကန်ဆွေးနွေးနေ

အိုင်အက်စ်ကို စောင့်ကြည့်ရန် ဒရုန်းများချထားရေး မြောက်အာဖရိကနိုင်ငံ များနှင့် အမေရိကန်ဆွေးနွေးနေ

ဝါရှင်တန်၊ ဇူလိုင် ၁၃ ။      ။ လစ်ဗျားရှိ အိုင်အက်စ်တို့ကို စောင့်ကြည့်မှုတိုးမြင့်နိုင်ရန် အခြေစိုက်စခန်းတစ်ခုတွင် ဒရုန်းများချ ထားရေးနှင့် ပတ်သက်၍ မြောက်အာဖရိကရှိ နိုင်ငံများနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း အကြီးတန်းအစိုးရ အရာရှိကြီး တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဝေါလ်စထရိဂျာနယ်က ဇူလိုင် ၁၂ တွင် ဖော်ပြခဲ့သည်။

လစ်ဗျားရှိ အိုင်အက်စ်ခံတပ်များအနီး ယခုကဲ့သို့ အခြေစိုက်စခန်းတစ်ခုထားရှိခြင်းက ထိုဒေသရှိ ဖြစ်ပျက်နေမှုများနှင့် ပတ်သက်၍ ပိုမိုနားလည်နိုင်ရန် အမေရိကန်က ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ယင်းအရာရှိက ပြောကြားခဲ့သည်။

ဒရုန်းများဖြင့် စောင့်ကြည့်ထောက်လှမ်းမှုက လစ်ဗျားရှိ စစ်သွေးကြွများ၏ လှုပ်ရှားမှုသတင်းများကို အမေရိကန် စစ်ဘက်နှင့် ထောက်လှမ်းရေးအေဂျင်စီများက အချိန်နှင့် တစ်ပြေးညီသိရှိနိုင်မည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တပ်မှူးများနှင့် မဟာမိတ်ဖွဲ့ထားသော တိုက်ခိုက်ရေးသမားများသည် လစ်ဗျားတွင် အရှိန်ရနေ ပြီး အစိုးရနှစ်ခုက ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲဝင်နေစဉ် စစ်သွေးကြွများက လုံခြုံရေးလစ်ဟာမှုကို အခွင့်အရေး ယူလျက်ရှိ သည်။

သို့သော်လည်း အခြေစိုက်စခန်းတစ်ခုကို လက်ခံရန် မည်သည့် မြောက်အာဖရိကနိုင်ငံကမျှ သဘောတူခြင်းမရှိသေးဟု အမေရိကန်အကြီးတန်းအရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကား၍ ဂျာနယ်က ဖော်ပြခဲ့သည်။ဖြစ်နိုင်သည်မှာ အိမ်ရှင်နိုင်ငံ တစ်ခုက ၎င်း၏ထိန်းချုပ်မှုအောက်ရှိ ရှိပြီးသား အခြေစိုက်စခန်းတစ်ခုကိုသားအသုံးပြုရန်ဖြစ်ပြီး ယင်းနေရာတွင် ဒရုန်းများထား ရှိရန် အမေရိကန်ကခွင့်ပြုချက်ရရှိနိုင်ကာ စစ်မှုထမ်းကိုလည်း အကန့်အသတ်ဖြင့် ထားခွင့်ရရှိနိုင်သည်ဟု အရာရှိများက ဆိုသည်။

လစ်ဗျားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အမေရိကန်၏ မဟာမိတ်နိုင်ငံများမှာ အီဂျစ်နှင့် တူနီးရှားတို့ဖြစ်သည်။ သို့သော်လည်း အမေရိကန်၏ ဒရုန်းများကိုလက်ခံနိုင်ငံကို အမေရိကန်အရာရှိများက ထုတ်ဖော်မပြောကြားခဲ့ပေ။ အဆိုပြုထားသော အခြေစိုက် စခန်းမှ ဒရုန်းများသည် အိုင်အက်စ်တို့အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်သကဲ့သို့ စစ်သွေးကြွတို့အား အထူးစစ်ဆင်ရေး များပြုလုပ်ရန် ၎င်းစခန်းကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly