မြန်မာချွေးတပ်သား ရှစ်သောင်းကျော် ခေါင်းချရာမြေဖြစ်တဲ့ သံဖြူဇရပ် စစ်သချိုင်း

10 September 2016
မြန်မာချွေးတပ်သား ရှစ်သောင်းကျော် ခေါင်းချရာမြေဖြစ်တဲ့ သံဖြူဇရပ် စစ်သချိုင်း

သံဖြူဇရပ် သေမင်းတမန် ရထားလမ်းဖောက်လုပ်စဉ်က မြန်မာ ချွေးတပ်သားပေါင်း ၈၀၀၀၀ ကျော် စတေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်က မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီ ဘ၀ ကျရောက်နေတဲ့အတွက် ဒီ ဆုံးရှုံးသွားတဲ့ ချွေးတပ်သားတွေအတွက်ကတော့  အမှတ်တရ ကျောက်စာတိုင်တစ်ခုရယ် လွမ်းစေတီလေးတစ်ဆူရယ်ပဲ အထိမ်းအမှတ်  အနေနဲ့ကျန်ရှိခဲ့ပါတယ်။ 

မဟာမိတ် စစ်သင်္ချီုင်းကတော့ သေမင်းတမံရထားလမ်း ဆောက်လုပ်ရာမှာ ကျဆုံးသွားတဲ့ အင်္ဂလိပ်၊ ကနေဒါ၊ သြစတေးရိယား၊ နယူးဇီလန်၊ အိန္ဒိယ၊ မလေးရှား၊ နယ်သာလန်၊ စတဲ့ နိုင်ငံများမှ မဟာမိတ်စစ်သည် ၃၇၇၁ ဦးရဲ့ အရိုးပြာများကို မြှုပ်နှံ့ထားတာ ရှိပါတယ်။ ဒီ စစ်သင်္ချီုင်းကြီးကတော့ ၂၅ ဧကကျော် ရှိပါတယ်။ ဒီ စစ်သင်္ချီုင်းကြီးကို ဒီဇင်ဘာ ၁၈ ရက်နေ့ ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင် ဆန်းနဲ့ ဘုရင်ခံ ဆာ ဟူးဘရန့့်တို့က လာရောက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

စစ်သချုႌင်းကြီးထဲကို ရောက်နေတာပါ။ ဒီစစ်သချုႌင်းကြီးဟာ ဆိုလို့ရှိရင် သေမင်းတမံရထား လမ်းကြီး ဖောက်တဲ့အချိန်မှာတုန်းက ကျဆုံးသွားခဲ့တဲ့ မဟာမိတ် ချွေးတပ်သားပေါင်း ၃၀၀၀၀ ကျော် ကို သူတို့အရိုးတွေကို ပြန်လည်တူးဖော်ပေးပြီးတော့ ဒီနေရာမှာ သချုႌင်းနေရာ ပြန်လည်ဆောက်ပေး ထားတာ ဖြစ်ပါတယ်။ ဒီစစ်သချုႌင်းထဲမှာတော့ အုတ်ဂူတွေ ဘယ်လိုမျိုးပုံစံမျိုးတွေနဲ့ မြှုပ်နှံ့ပေးထား တယ်။ သူတို့တွေရဲ့ ငြိမ်းချမ်းတဲ့ နားခိုရာလေးတွေကို ဘယ်လို ဖန်တီးပေးထားလဲ ပြီးတော့ ဒီစစ်သ ချုႌင်းကြီးရဲ့ အကြောင်းအရာတွေ၊ အဲဒီအကြောင်းအရာတွေကို စစ်သချိုင်း တာဝန်ခံနဲ့ တွေ့ဆုံမေး ကြည့်ပါတယ်။

 အခု ဒီစစ်သချုႌင်းကြီးက ဘယ်နှခုနှစ်တုန်းက စပြီးတော့တည်ထောင်ခဲ့တာလဲ။

  ကျွန်တော်တို့ ဒီစစ်သချုႌင်းကြီးရဲ့ ဖွင့်ပွဲက ၁၉၄၆ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင် ဆန်းက ဒီအရှေ့ကွင်းကြီးထဲမှာ ရေစက်ချပြီးတော့ လှူသွားတာပါ။ ဗိုလ်ချုပ်က ခမ်းခမ်းနားနားနဲ့ကို အင်္ဂလန်က မဟာမိတ်တွေကို ခေါ်ပြီးတော့ ရေစက်ချပြီးတော့ စစ်သချုႌင်းကြီးဖြစ်ဖို့အတွက် တည်ထား ခဲ့တာပါ။ တည်ထားခဲ့တာဖြစ်တဲ့အတွက် ဒါသည် မြန်မာနိုင်ငံအပိုင် မဟုတ်ပါဘူး။

  အဲတော့ ဒီထဲမှာ ကျဆုံးသွားခဲ့တဲ့ မဟာမိတ်တပ်သားတွေ လွတ်လပ်စွာ ငြိမ်းချမ်းစွာနဲ့ နားခိုခွင့်ရတဲ့ လွတ်လပ်သော နယ်မြေလို့ သတ်မှတ်ထားပြီးသားပေါ့ ဟုတ်လား။

   ဟုတ်ပါတယ်။

   အဲဒါဆိုလို့ရှိရင် ဒီအုတ်ဂူတွေ ဘယ်နှစ်ခုလောက် ရှိပါသလဲ။

    ကျွန်တော်တို့ ဒီမှာ အုတ်ဂူပေါင်း ၃၇၇၁ ခု ရှိပါတယ်။

   ဒီမှာရှိနေတဲ့ အုတ်ဂူတွေအကုန်လုံးက သေမင်းတမံရထားလမ်းကြီး ဖောက်တုန်းက ကျဆုံးသွား တဲ့ မဟာမိတ် တပ်သားတွေကြီးပဲပေါ့။

   ဟုတ်ကဲ့။ ဟုတ်ပါတယ်။

 ဒီစစ်သချုႌင်းကြီးက အခုဆိုရင် အရမ်းလည်းလှတယ်။ သာသာယာယာလည်းရှိတယ်။ ပြီးတော့ မြတ်ခင်းလေးတွေနဲ့ သပ်သပ်ရပ်ရပ်ရှိတယ်။ အဲတော့ ဒီစစ်သချုႌင်းကြီး စပြီးတော့ တည်ထောင်က တည်းက အခုချိန်ထိ ဒီပုံစံပဲလား။

 ဟုတ်ပါတယ်။ ကျွန်တော်တို့ စပြီးတော့ တည်ထောင်ကတည်းက ကျွန်တော်တို့ အလုပ်မဝင် ခင်ကတည်းက ဒီပုံစံပါပဲ။ ဒါကိုပဲ ထိန်းသိမ်းရတာပေါ့။ အထူးသဖြင့် တစ်ကမ္ဘာလုံးမှာ စစ်သချုႌင်းစံနှုန်း ရှိတယ်။ ဒီလိုစံနှုန်းလေးပဲဖြစ်အောင် သူတို့က ကျွန်တော်တို့ကို ထိန်းသိမ်းထားခိုင်းတယ်။ ဒါက ခဏလုပ်တာမဟုတ်ဘူး။ ဒီအတိုင်းကို အမြဲတမ်း ထိန်းသိမ်းရမှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးပဲ အမြဲတမ်း ရှိနေမှာပါ။

 အဲဒါဆိုလို့ရှိရင် အခု ဒီမှာဆိုရင် အုတ်ဂူတွေက တစ်ဦးတစ်ယောက်စာအတွက် အုတ်ဂူတွေ ရှိနေတယ်ပေါ့နော်။ အဲဒါဆိုရင် ဒီအောက်ထဲမှာ မြှုပ်ထားတာက ချွေးတပ်သားတွေရဲ့ ဘာတွေဖြစ်မလဲ။

 ကျွန်တော်တို့က ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အစုံတော့ မရဘူးခင်ဗျ။ တချို့ဆိုရင် လက်ဖျန် ရိုးတွေ ရရင်ရမယ်။ တစ်ချို့ဆိုရင် ခြေထောက်ပေါ့။ အဲဒါမျိုးလေးတွေကို အုတ်ဂူရဲ့ အရှေ့လေးတွေမှာ ထားထားပေးတယ်။ အခုတော့ ဘယ်ရှိတော့မလဲ။ အမှတ်တရအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ သူတို့ဟာနဲ့သူ အတိအကျလေး ထားထားပေးတာတော့ ရှိပါတယ်။

အဲဒါကျတော့ သူတို့ရဲ့အရိုးတွေကို ဟိုမှာ သေဆုံးသွားတဲ့အခါကျတော့ ဘယ်ကနေ ရှာကြလဲ။

  ကျွန်တော်တို့ စစ်ပြီးသွားတဲ့အခါကျတော့ စစ်သချုႌင်းကော်မတီ အဖွဲ့အစည်းက ကော်မရှင်က နေပြီးတော့ အရိုးတွေကောက်ဖို့အတွက် သူတို့ကိုယ်တိုင် သွားပြီးတော့ ရှာကြတာပေါ့။ ရှာဖွေရင်းနဲ့ အဲနားမှာရှိခဲ့တဲ့ ဟာတွေအကုန်လုံးကို ဒီမှာလာမြှုပ်တယ်။ ကျွန်တော်တို့ ဘုရားသုံးဆူရဲ့ ကွေးတံတား ရှိတယ်။ ကွေးတံတားရဲ့ ဒီဘက်အခြမ်းကိုတော့ သံဖြူဇရပ် စစ်သချုႌင်းကြီးကို မြှုပ်တယ်။ သံဖြူဇရပ် စစ်သချုႌင်းကတော့ ဘာဖြစ်လည်းဆိုတော့ တိုက်ပွဲတိုက်ရင်းနဲ့ သေသွားကြတာ မဟုတ်ဘူးလေ။ သူတို့က ချွေးတပ်သားအဖြစ်နဲ့ သုံ့ပန်းအဖြစ်နဲ့ သေသွားကြတာဖြစ်တဲ့အတွက် ဒီဘက်မှာ မြှုပ်တာပါ။ နောက်တစ်ခုရှိတာက ချွေးတပ်သားသုံးပန်းတွေက ဒါကတော့ ဗမာမှာ ပထမဦးဆုံးပေါ့။ စစ်သချုႌင်း များစွာရှိတယ်။ ဒါပေမယ့် စစ်တိုက်ပြီးသေတာမဟုတ်ဘူး။ ချွေးတပ်သားအဖြစ်နဲ့ သေရတာပေါ့။ အဲဒါကြောင့်မို့ လာတဲ့သူတိုင်းကလည်း ဝမ်းနည်းစွာနဲ့ ဒါကို မှတ်မှတ်ရရလေး ရှိကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly