ဂျိုကိုဗစ်နှင့် ဝေါ်ရီကာတို့ US Open တင်းနစ် ဗိုလ်လုပွဲ တက်ရောက်

ဂျိုကိုဗစ်နှင့် ဝေါ်ရီကာတို့ US Open တင်းနစ် ဗိုလ်လုပွဲ တက်ရောက်
(ဓာတ်ပုံ - အီးပီအေ)

US Open တင်းနစ် ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ဂျိုကိုဗစ်နှင့် ဆီဒင် (၃) ဝေါ်ရင်ကာကတို့ ပြိုင်ဘက်တွေကို အသီးအသီး နိုင်ပွဲရရှိပြီးနောက် ဗိုလ်ပွဲမှာ တွေ့ဆုံတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် (၁) ဆားဗီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ပြင်သစ် တင်းနစ်ကစားသမား မွန်ဖေးလ်ကို ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၂ နဲ့အနိုင်ရပြီး အမေရိကန် အိုပင်းတင်းနစ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတစ်ပွဲမှာတော့ ဆီဒင် (၃) ရထားတဲ့ ဝေါ်ရင်ကာက ဆီဒင် (၆) အဆင့်ရှိ ဂျပန်တင်းနစ်ကစားသမား နီရှီကိုရီကို ၄-၆၊ ၇-၅၊ ၆-၄၊ ၆-၂ နဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

"'ဒီမှာ တကယ့်ကို စိုထိုင်းပြီး ပူနေပါတယ်။ ဒီပွဲဟာ ခက်ခဲလိမ့်မယ်လို့ ကျနော် သိထားပါတယ်။"လို့ ဝေါ်ရီကာက ဆိုပါတယ်။

အသက် (၂၉) နှဏ် ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ် အစပိုင်းတွေမှာ ပခုံးနှစ်ဖက်စလုံး ကုသမှုခံယူခဲ့ပါတယ်။

"စိုထိုင်းမှု"ကို ဂျိုကိုဗစ်က "ဒီအကြောင်းကို ကျနော်တို့အားလုံး စဉ်းစားနေပြီး ခံစားနေရတယ်လို့ ထင်ပါတယ်လို့" ပြောပါတယ်။

ဂျိုကိုဗစ်က သူ့ရဲ့ (၃) ကြိမ်မြောက်နှင့် (၁၃) ကြိမ်မြောက် ဂရင်းစလန် ဆွတ်ခူးနိုင်ဖို့ ပြီးခဲ့တဲ့နှစ် ပြင်သစ်အိုပင်း ချန်ပီယံ ဝေါ်ရီကာကို တနင်္ဂနွေနေ့မှာ အနိုင်ရဖို့ ကြိုးစားပါလိမ့်မယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly