မက်ဆီနှင့်စီရော်နယ်ဒိုတို့၏ အဆင့်အတန်းသို့ရောက်ရှိနေပြီဟု အာဆင်နယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ် ဆို

မက်ဆီနှင့်စီရော်နယ်ဒိုတို့၏ အဆင့်အတန်းသို့ရောက်ရှိနေပြီဟု အာဆင်နယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ် ဆို

စက်တင်ဘာ ၉၊ အင်္ဂလန် ။               ။ အာဆင်နယ်အသင်းမှ ချီလီလက်ရွေးစင်တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်က ယခုအချိန်တွင် ၎င်း၏ခြေစွမ်းမှာ ကမ္ဘာ့အကောင်းဆုံး   ဘောလုံးသမားများဖြစ်သော မက်ဆီနှင့်စီရော်နယ်ဒိုတို့၏ အဆင့်အတန်းသို့ရောက်ရှိနေပြီဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလားရရန် ရုန်းကန်နေရပြီး ပရိသတ်များက တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် တောင်းဆိုနေကြချိန်တွင် ဆန်းချက်ဇ်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

‘ကျွန်တော့်ခြေစွမ်းက ထိပ်တန်းကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။ ဘယ်သူ့ကိုမှ နှိမ့်ချပြောဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အရည်အချင်းကို မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ကြည့်တာပါ။ သူတို့လို တူညီတဲ့ အရည်အသွေးကို ရရှိနေပါပြီ’ ဟု ဆန်းချက်ဇ်က ပြောဆိုခဲ့သည်။

ဆန်းချက်ဇ်သည် အဆိုပါစကားကို ချီလီအသင်းအတွက် ကစားပေးရန် လက်ရွေးစင်အသင်းသို့ရောက်ရှိနေချိန်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆန်းချက်ဇ်သည် ၂၀၁၄ ခုနှစ်က ဘာစီလိုနာအသင်းမှ အာဆင်နယ်သို့ရောက်ရှိလာသူဖြစ်ပြီး ယခုအချိန်အထိ ပွဲပေါင်း ၉၆ ပွဲ ကစားပေးခဲ့ရာတွင် ၄၃ ဂိုးသွင်းယူကာ ၂၅ ဂိုးဖန်တီးပေးထားနိုင်သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ၂၀၀၈ ခုနှစ်ကစတင်ပြီး ယခုအချိန်အထိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို တစ်လှည့်စီ ရယူနေကြသူများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags