အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေးလွတ်မြောက်

အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေးလွတ်မြောက်

အကျဉ်းဦးစီးဌာန၏ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်အမှတ် (၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား လေးဦး တပြိုင်တည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။ 

အကျဉ်းသား လေးဦးမှာ ဇူလိုင် ၁၀ရက်က ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် အရေးယူပေးနိုင်ရန် ရာဇဂြိုလ်စခန်းမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာကို ဇူလိုင် ၁၂ရက် ရက်စွဲဖြင့် ပေးပို့ထားသည်။ 

ရာဇဂြိုလ် အမှတ်(၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် ဇူလိုင် ၁၀ရက် နံနက် ၁၀နာရီခန့်က စခန်းရှိ စပါးစိုက်ပျိုးရေး လုပ်ငန်း မဟုတ်ဘဲ စခန်းမှူး ကြီးကြပ်ရေးမှူး ထွန်းထွန်းနိုင်၏ ခိုင်းစေမှုကြောင့် အရပ်ဘက်ကျောက်ထုတ်လုပ်ငန်းသို့ သွားရောက် လုပ်ကိုင်ရသည့် အတွက် အလုပ်ပင်ပန်းလွန်း၍ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly