အိုဘားမားထက် ပူတင်က ပိုတော်သည့် ခေါင်းဆောင်တစ်ဦးဟု ဒေါ်နယ်ထရန့် ပြော

အိုဘားမားထက် ပူတင်က ပိုတော်သည့် ခေါင်းဆောင်တစ်ဦးဟု ဒေါ်နယ်ထရန့် ပြော

စက်တင်ဘာ ၈ ။            ။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားထက် ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပိုမိုထူးချွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားသွားသည်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က တီဗီရိုက်ကူးထုတ်လွှင့်ခဲ့သည့် ဖိုရမ်တစ်ခုတွင် အထက်ပါအတိုင်းပြောကြားသွားပြီး ၎င်းသာ အမေရိကန်၏ ခေါင်းဆောင်ရာထူးနှင့် အသင့်တော်ဆုံးဆိုသည့်အကြောင်း ဇောင်းပေးပြောဆိုသွားသည်။

စစ်ဘက်ဝါရင့်ပုဂ္ဂိုလ်ကြီးများက မေးမြန်းသော မေးခွန်းများကို ယင်းဖိုရမ်တွင် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီနှင့်အတူ ရီပတ်ဘလစ်ကန်ဘက်မှ ဒေါ်နယ်ထရန့်တို့က ဖြေဆိုသွားကြခြင်းဖြစ်သည်။

" ကျွန်တော်တို့ သမ္မတထက် ရုရှသမ္မတက ပိုတော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တာပါ" ဟု ထရန့်က ယင်းဖိုရမ်တွင် ထည့်သွင်းပြောကြားသွားသည်။

ယင်းအပြင် သမ္မတအိုဘားမားနှင့် အတူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီတို့၏ မူဝါဒများကြောင့် အမေရိကန် စစ်ဗိုလ်ချုပ်ကြီးများမှာလည်း အရှိန်အစော် လျော့ကျသွားခဲ့ရသည်ဟု ထရန့်က ဝေဖန်ပြောဆိုသွားခဲ့သည်။

အလားတူ ရုရှတို့အနေဖြင့် ကမ္ဘာတစ်ဝန်း တည်ငြိမ်မှုမရှိအောင် မျိုးစေ့ချလုပ်ဆောင်နေသည်ဟုလည်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲက စွပ်စွဲပြောကြားမှုမှာလည်း ယင်းနေ့တစ်နေ့တွင်မှာပင် ဖြစ်ပွားထားခဲ့သည်။

တစ်ဘက်တွင်လည်း ဟီလာရီက သူမ၏ အီးမေးလ် အရှုပ်တော်ပုံကိစ္စဖြစ်ထားခဲ့သော်လည်း နည်းလမ်းတကျနေထိုင်လုပ်ဆောင်ခဲ့သည့်အကြောင်း ခုခံပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags