အီရတ်တွင် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်၍ လူ ၂၈ ဦး သေဆုံး

အီရတ်တွင် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်၍ လူ ၂၈ ဦး သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား၍ လူပေါင်း အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း တာဝန်ရှိ သူများက ပြောသည်။

ရှာအက်ဘ်ခရိုင်အတွင်း ကားဗုံးတစ်လုံးပေါက်ကွဲရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး အနီးရှိဈေးတစ်ဈေးတွင်လည်း အသေခံဗုံး ခွဲသမားတစ်ဦး ဖောက်ခွဲ၍ လူများစွာ သေဆုံးခဲ့သည်။

ဘန်နော့ခရိုင်အတွင်းလည်း အခြားကားဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူကိုးဦးအနည်းဆုံးသေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူပေါင်းလည်း များစွာရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

အဆိုပါ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုအဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခြင်း မရှိသေးပေ။ သို့သော် ယင်းတို့သောတိုက်ခိုက်မှုများကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့များက လုပ်ဆောင်ကျုးလွန်တတ်ကြသည်။

အိုင်အက်စ်တို့က နယ်မြေအများစုကို သိမ်းပိုက်ထားသည့် အီရတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။

လုံခြုံရေးတပ်ဖွဲ့များက ဘဂ္ဂဒက်တောင်ပိုင်းကို စောင့်ကြပ်မှုများပြုလုပ်ပြီး နောက်ထပ်ဗုံးဖောက်ခွဲမှုများမဖြစ်ပွားအောင် လုပ်ဆောင် လျက်ရှိသည်။

နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အိုင်အက်စ်အဖွ့ဲတို့နှင့် အီရတ်အစိုးရတပ်ဖွဲ့များ ရင်ဆိုင်တိုက်ခိုက်လျက်ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly