“ One Direction” အဖွဲ့အကြောင်း ရိုက်ကူးမည့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ဇေယန်မားလစ်ခ် ထုတ်လုပ်သွားမည်

“ One Direction” အဖွဲ့အကြောင်း ရိုက်ကူးမည့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ဇေယန်မားလစ်ခ် ထုတ်လုပ်သွားမည်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၈ ။             ။  One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မားလစ်ခ်သည် NBC ရုပ်သံ၏ ဇာတ်လမ်းတွဲသစ် “ Boys” ဇာတ်ကားကို “ Law & Order” ဒရမ်မာဇာတ်လမ်းတွဲ ထုတ်လုပ်သူ ဒစ်ခ်ဝေါ့ဖ်နှင့်အတူ ပူးတွဲစီမံခန့် ခွဲထုတ်လုပ်သွားမည်ဖြစ်သည်။

“Boys” ဇာတ်လမ်းတွဲသည် အောင်မြင်သော အမျိုးသားအဆိုတော်အဖွဲ့၏ မြင့်ချီနိမ့်ချီ အတွေ့အကြုံများ အကြောင်းကို ပုံဖော်ရိုက်ကူးသွားမည်ဖြစ်သည်။ ဇာတ်လမ်းတွဲတွင်  One Direction အဖွဲ့အတွင်း ဇေယန်မားလစ်ခ်၏ အတွေ့အကြုံများ နှင့် ၂၀၁၅ ခုနှစ်က အဖွဲ့မှ ဇေယန်ထွက်ခွာခဲ့ပုံများကို ထည့်သွင်းပုံဖော် သွားမည်ဖြစ်သည်။

“ ဒစ်ခ်ဝေါ့ဖ်ဟာ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်တယ်။ ကျွန်တေ်ာ ဒစ်ခ်ဝေါ့ဖ် နဲ့ NBC တို့အနဲ့အတူ ဒရမ်မာဇာတ်လမ်းတွဲကို ဖန်တီးခွင့်ရတာ ထူးခြားတဲ့အခွင့်ရေးတစ်ရပ်ပါပဲ”ဟု ဇေယန်က အစီရင်ခံစာတွင် ပြောကြားထားသည်။

“ One Direction” အဖွဲ့ကို ၂၀၁၀ ခုနှစ်က  X Factor ပြိုင်ပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။  X Factor ပြိုင်ပွဲဖန်တီးသူ ၊ တေးဂီတ နှင့် ရုပ်မြင်သံကြား ထုတ်လုပ်သူ ဆိုင်မွန်ကိုဝဲလ်က မာလစ်ခ်အနေဖြင့် ယင်း ရုပ်မြင်သံကြားဇာတ်လမ်းတွဲနှင့် စပ်လျဉ်း၍ ၎င်းထံချည်းကပ်စေလိုကြာင်း Entertainment Tonight ကို ပြောကြားခဲ့သည်။

မားလစ်ခ်သည် မတ်လက “ Mind of Mine” ပွဲဦးထွက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ရာ  ဘေလ်ဘုတ် ၂၀၀စာရင်းတွင် နံပါတ်တစ်နေရာမှ ပွဲဦးထွက် ရပ်တည်ခဲ့သည်။ မားလစ်ခ်သည် ယခုသီတင်းပတ်က စိုးရိမ်ကြောင့်ကြမှုများကြောင့် ဒူဘိုင်း၌ အောက်တိုဘာ ၇ရက်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly