ဆီမြွန်နီမှာ အာစင်ဝင်းဂါး၏နေရာကို ဆက်ခံရန် အသင့်တော်ဆုံးဟု အာဆင်နယ်ကစားသမားဟောင်း ရေးပါလာ ပြော

ဆီမြွန်နီမှာ အာစင်ဝင်းဂါး၏နေရာကို ဆက်ခံရန် အသင့်တော်ဆုံးဟု အာဆင်နယ်ကစားသမားဟောင်း ရေးပါလာ ပြော

စက်တင်ဘာ ၈၊ အင်္ဂလန် ။                ။ အာဆင်နယ်အသင်းနေဖြင့် အာစင်ဝင်းဂါး၏ နေရာကို ဆက်ခံမည့်သူအဖြစ် အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီကို ရွေးချယ်သင့်သည်ဟု အသင်း၏ကစားသမားဟောင်း ရေးပါလာက ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းကို နှစ် ၂၀ ကြာ နည်းပြလာခဲ့သည့် အာစင်ဝင်းဂါး၏ လက်ရှိစာချုပ်မှာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဖိအားများသည့် အာဆင်နယ်အသင်း၏နည်းပြထိုင်ခုံနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုများ ရှိလာခဲ့သည်။

လက်ရှိတွင် အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းကို တန်းတက်အောင်ပြုလုပ်ပေးနိုင်ခဲ့သည့် နည်းပြ အက်ဒီဟိုဝီကို အာစင်ဝင်းဂါး၏နေရာတွင် အစားထိုးရန် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး အာစင်ဝင်းဂါး၏တပည့်ဟောင်း ရေးပါလာက ‘ဟိုဝီက ဘုန်းမောက်မှာ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ပြခဲ့တာပါ။ သူက အနာဂတ်မှာ နည်းပြကောင်းတစ်ဦးဖြစ်လာနိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ အသင်းကြီးတွေကို ကိုင်ဖို့ နည်းနည်းစောနေပါသေးတယ်။ သူ့အနေနဲ့ ပြည်ပက ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်မယ်လို့ မထင်ပါဘူး။

ဆီမြွန်နီကတော့ လာလီဂါကို စွန့်ခွာချင်လား၊ မခွာချင်လား မသိပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ဂွါဒီယိုလာ၊ မော်ရင်ဟိုနဲ့ ကလော့ပ်တို့လို သူ့ကိုယ်သူစမ်းသပ်ချင်နေပါလိ့မ်မယ်။ ရာသီအကုန်မှာ အာဆင်နယ်အသင်းသာ နည်းပြအပြောင်းအလဲလုပ်မယ်ဆိုရင် ဆီမြွန်နီက ရေပန်းစားသင့်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags