Apple က iPhone 7 နှင့် 7 Plus တို့ကို မိတ်ဆက်

Apple က iPhone 7 နှင့် 7 Plus တို့ကို မိတ်ဆက်
(ဓာတ်ပုံ - အီးပီအေ)

Apple ကုမ္ပဏီက ၎င်းတို့ရဲ့ iPhone နောက်ဆုံးဗာရှင်းဖြစ်တဲ့ ကြိုးမဲ့နားကြပ်နဲ့အတူ တောင်းဆိုမှုများအတိုင်း ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံကင်မရာ စွမ်းရည်၊ ကြာရှည်ခံ ဘက်ထရီသက်တမ်းနှင့် ရေစိုခံစတဲ့ နည်းပညာသစ်များ ထည့်သွင်းပါဝင်တဲ့ iPhone 7 နှင့် 7 Plus တို့ကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့ပါတယ်။

ဝယ်ယူလိုသူများက iPhone 7 နှင့် 7 Plus တို့ကို သောကြာနေ့ကနေ စတင်လို့ အွန်လိုင်းကနေပဲဖြစ်ဖြစ်၊ အပြင်ကနေဖြစ်ဖြစ် စတင်မှာယူနိုင်မှာဖြစ်ပြီး iPhone 7 နှင့် 7 Plus ရဲ့ တန်ဖိုးမှာ ဒေါ်လာ ၆၄၉ နှင့် ဒေါ်လာ ၇၆၉ အသီးသီး ဖြစ်ပါတယ်။

Apple က iPhone 7  မှာ ရေစိုခံစနစ်ထည့်သွင်းခြင်းဖြင့် ပြိုင်ဘက်တွေကို လိုက်လာတာဖြစ်ပါတယ်။ အဆိုပါ iPhone ထုတ်ကုန်သစ်ဟာ ရေ တစ်မီတာတွင် မိနစ် (၃၀) သို့မဟုတ် အထက် ရေမြုပ်ခံနိုင်တယ်လို့ ဆိုပါတယ်။

Apple က ကြိုးမဲ့နားကြပ်အဖြစ် ထုတ်လုပ်ခဲ့ပေမယ့် နားကြပ်ကိုတော့ သပ်သပ်ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

iPhone အသစ်မှာ iOS 10 ကို ထည့်သွင်းပြီး operating-system ကို အဆင့်မြင့်တင်ထားပါတယ်။

iPhone 7 ရဲ့ အဓိက ပင်မဟာ A10 Fusion ချစ်ပ်တစ်ခုဖြစ်ပြီး ပထမဆုံး iPhone အတွက် (၁၂၀) ကြိမ် ပါဝါ လုပ်ဆောင်မှုရှိတယ်လို့ Apple က ပြောပါတယ်။

ကျောဘက်ကင်မရာက 12 MP က iPhone 7 အတွင်းရှိ အက်ပလီကေးရှင်းနဲ့ တွဲဖက်လုပ်ဆောင်ပြီး တည်ငြိမ်တဲ့ ပုံရိပ်လွှာအတွက် ဓာတ်ပုံသစ်တွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

iPhone 7 ရဲ့ နောက်ကျောဘက်မှာ 12 MP ရှိ ကင်မရာနှစ်လုံးရှိပြီး တစ်ခုက ထောင့်ကျယ်၊ တခြားတစ်ခုက telephoto တို့က  ပရော်ဖက်ရှင်နယ် ကင်မရာသမားများအတွက် portrait ဓာတ်ပုံကောင်းကောင်းတွေ ရိုက်လို့ရမှာဖြစ်ပါတယ်။

ဒါ့ပြင် ဒီမိတ်ဆက်ပွဲမှာ Apple က GPS နှင့် မီတာ (၅၀) ရေစိုခံစတဲ့  စနစ်သစ်တွေထည့်သွင်းထားတဲ့ Apple Watch Series 2 ကိုလည်း ပြသွားပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags