အငြင်းပွား တောင်တရုတ်ပင်လယ်က တရုတ်သင်္ဘော၊ စက်လှေတွေရဲ့ ဓာတ်ပုံများကို ဖိလစ်ပိုင် ထုတ်ပြန်

အငြင်းပွား တောင်တရုတ်ပင်လယ်က တရုတ်သင်္ဘော၊ စက်လှေတွေရဲ့ ဓာတ်ပုံများကို ဖိလစ်ပိုင် ထုတ်ပြန်
(ဓာတ်ပုံ - အီးပီအေ)

လာအိုနိုင်ငံက ထိပ်သီးအစည်းအဝေးမှာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား အစည်းအဝး မတိုင်မီ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက မနီလာနှင့် ဘေဂျင်းတို့အကြား အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် ဧရိယာအတွင်း တရုတ်သင်္ဘောများရဲ့ ဓာတ်ပုံ တစ်ဒါဇင်ခန့်ကို ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံများ ပူးတွဲပါ မြေပုံအရ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့ပိုင် သင်္ဘောများက Scarborough Shoal ကို ပတ်လည်ဝန်းထားတာကို တွေ့မြင်ရပါတယ်။

အဆိုပါ Shoal ဟာ ဖိလစ်ပိုင် ကမ်းရိုးတန်းမှ အကြမ်းဖျင်း (၂၀၀) ကီလိုမီတာ အကွာရှိပြီး ဒါဟာ သူတို့ရဲ့ သီးသန့် စီးပွားရေဇုန်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ မနီလာက ဆိုပါတယ်။

ဖိလစ်ပိုင်က ဒေသအတွင်း စက်လှေအများအပြား ရှိနေမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး ရက်အနည်းငယ်နောက် အဆိုပါဓာတ်ပုံများ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly