အဖွဲ့ဝင်များအား ဗုံးဖောက်ခွဲရေး သင်တန်းပေးရာတွင် အိုင်အက်စ်အဖွဲ့က ကလေးငယ်တစ်ဦးအား ဗုံးထောင်ဖောက်ခွဲပြ

အဖွဲ့ဝင်များအား ဗုံးဖောက်ခွဲရေး သင်တန်းပေးရာတွင် အိုင်အက်စ်အဖွဲ့က ကလေးငယ်တစ်ဦးအား ဗုံးထောင်ဖောက်ခွဲပြ

အိုင်အက်စ်အဖွဲ့က ၎င်း၏ အစွန်းရောက်အဖွဲ့ဝင်များအား လေ့ကျင့်သင်တန်းပေးရာ ထိမိသည်နှင့် ပေါက်ကွဲစေနိုင်သည့် ဗုံးထောင် နည်း booby-trapping mechanisms သင်တန်းပေးရာ၌ ကလေးငယ်လေးတစ်ဦးကို ဖောက်ခွဲပြကာ သင်တန်းပေးခဲ့သည်။

”သူတို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သူတို့ ခေါင်းဖြတ်သတ်ထားတဲ့ခေါင်းဖြတ်ကွပ်မျက်ထားတဲ့ အရပ်သားတစ်ဦးရဲ့သားငယ်လေး ကိုခေါ်လာတာဖြစ်ပါတယ်။ အီရတ်နိုင်ငံ ဆာလာဟူဒင် မြောက်ပိုင်းက ရှာကတ်အရပ်မှာ ဗုံးထောင် ဗုံးခွဲနည်း သင်တန်းပေးရာမှာ အဲဒီကလေးငယ်လေးကို အစွန်းရောက်အဖွဲ့ဝင်တွေ ရှေ့ အဝေးထိန်းကိရိယာနှိပ်ပြီးaဖာက်ခွဲပြလိုက် တာဖြစ် ပါတယ်။”ဟု ဒီယာလာပြည်နယ်ကောင်စီ လုံခြုံရေးကော်မတီ ဥက္ကဌဖြစ်သူ ဟူစိန်နီကပြောကြောင်း အီရတ်သတင်းအေဂျင်စီက ဇူလိုင် ၁၂ ရက်တွင် ကိုးကားဖော်ပြသည်။

booby-trapping mechanisms ဗုံးခွဲနည်းကို အိုင်အက်စ်အဖွဲ့ဝင်တွေကို ယခုကဲ့သို့ သင်ကြားပြလိုက်ခြင်းဖြစ်ကြောင်း၊ အစွန်းရောက်အိုင်အက်စ်အဖွဲ့၏ အခြေခံလူ့တန်ဖိုးအပေါ်မှာ လုံးလုံး အလေးမထားသည့် လုပ်ရပ်ဖြစ်ကြောင်း ဟူစိန်နီကပြော သည်။

အီရတ်တွင် အိုင်အက်စ်တို့ ကျုးကျော်သိမ်းပိုက်ချိန် ၂၀၁၄ ဇွန်လမှစကာ နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် အကြမ်းဖက်မှုမျာဖြစ်ပွားနေသည်။ ရက်စက်ကြမ်းကြုတ်မှုများ၊ လူမဆန်သည့် အမူအကျင့်များနှင့် ဘာသာရေးအစွန်းရောက် ရိုင်းစိုင်းမှုများကို အိုင်အက်စ်တို့က ၎င်းတို့ သိမ်းပိုက်ထားရာ နယ်မြေဒေသများတွင် လွန်လွန်ကျုးကျုး ကျုးလွန်နေကြသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly