၂၀၁၉ဆီးဂိမ်းပြိုင်ပွဲအား ဖိလစ်ပိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူ

၂၀၁၉ဆီးဂိမ်းပြိုင်ပွဲအား ဖိလစ်ပိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူ

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပရန် သဘောတူလိုက်ဖြစ်ကြောင်း သိရသည်။

ဘရူနိုင်းနှင့် ဗီယက်နမ်တို့က ဆီးဂိမ်းလက်ခံကျင်းပရေးအတွက်  ဇွန်လအတွင်းက စင်ကာပူတွင် ပြုလုပ်ခဲ့သည့် ဆီးဂိမ်းအဖွဲ့ချုပ် အမှုဆောင်အရာရှိများ အစည်းအဝေးတွင် ငြင်းဆိုခဲ့ကြခြင်းကြောင့် အဆိုပါအားကစားပြိုင်ပွဲ စည်းမျည်းစည်းကမ်းများအရ ဖိလစ်ပိုင်အား ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အိုလံပစ်ကော်မတီပြောခွင့်ရပုဂ္ဂိုလ် ဂျိုရီရိုမာဆန်တာ ကပြော ကြားခဲ့သည်။

ဗီယက်နမ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန်ရှိသည်။

"ကျွန်တော်တု့ိအနေနဲ့ ဆီးဂိမ်းကို လက်ခံကျင်းပဖို့ရှိပါတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုတွေ လုပ်ဆောင်ရပါ ဦးမယ်" ဟု ရိုမာဆန်တာက ပြောကြားသည်။

ဖိလစ်ပိုင်အနေဖြင့် ငွေကြေးအခက်အခဲရှိနေသောကြောင့် ဆီးဂိမ်းနှင့်ပတ်သက်သည့် အဆောက်အအုံသစ် များဆောက်လုပ် သွားဖွယ်မရှိဘဲ လက်ရှိအားကစားကွင်းများ၊ အားကစားရုံများနှင့် ဟိုတယ်များကို သာ အသုံးချသွားဖွယ်ရှိသည်။

သို့သော် အဖွဲ့ချုပ်၏ မေတ္တာရပ်ခံချက်တစ်ခုတွင် အားကစားကွင်းများအား ယခင်ဆီးဂိမ်းကျင်းပစဉ်ကကဲ့သို့ ကျွန်းများတွင် မပြုလုပ် ဘဲ ကုန်းတွင်းပိုင်းဒေသတွင် ပြုလုပ်ရန် ပါရှိသည်။

စက်မှုဇုန်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အချက်အခြာနေရာအဖြစ် ပြောင်းလဲထားသည့် မြို့တော်မနီလာမြောက်ဘက် အမေရိကန်လေတပ် စခန်းဟောင်းနေရာတွင် အဓိက အားကစားပြိုင်ပွဲများကို ဗဟိုပြု ကျင်းပသွားပြီး ပြိုင်ပွဲအချို့ကို အခြားနေရာ များတွင် ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly