ကန်ဒဲလ်ဂျန်နာ နဲ့ ဟာရီစတိုင်လ်တို့ ပြန်တွဲနေကြပြီလား

ကန်ဒဲလ်ဂျန်နာ နဲ့ ဟာရီစတိုင်လ်တို့ ပြန်တွဲနေကြပြီလား

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၆ ။                   ။   မော်ဒယ် ကန်ဒဲလ်ဂျန်နာ နှင့်  One Direction အဖွဲ့ဝင်ဟောင်း ဟာရီစတိုင်လ်တို့ကို ပြီးခဲ့သည့် သီတင်းပတ်က လော့စ်အိန်ဂျလိစ်မြို့ Ysabel စားသောက်ဆိုင်တွင် ညစာတူစားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ပြန်တွဲနေကြသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ သူတို့နှစ်ဦးဟာ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အသစ်တစ်ဖန်ပြန်စဖို့  လုပ်နေပါတယ်။  အချစ်ဇာတ်လမ်းကို အသစ်ပြန်စဖို့နဲ့  ပတ်သက်ပြီးတော့ ကန်ဒဲလ်ဟာ အရမ်းကို စိတ်လှုပ်ရှားပြီး    ပျော်ရွှင်နေပါတယ်။ သူမက ဟာရီနဲ့ ပတ်သက်လို့  အမြဲတမ်းလိုလို ဂရုတစိုက်ရှိတယ်လေ”ဟု သတင်းအရင်းမြစ်တစ်ခုက  People  မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

အသက် ၂၀ အရွယ်ရှိ ကန်ဒဲလ် နှင့် အသက်၂၂ နှစ်အရွယ် ဟာရီတို့သည် တစ်ယောက်အကြောင်း တစ်ယောက် သိထားကြသူများဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။ ဟယ်ရီစတိုင်   နှင့် ကန်ဒဲလ် ဂျန်နာတို့သည် ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် အဆက်အသွယ်ရှိခဲ့သည်။

ဟာရီသည် မကြာသေးမီက ၎င်း၏ပွဲဦးထွက် ရုပ်ရှင်ကားကြီး “ Dunkirk” တွင်  ပါဝင်သရုပ်ဆောင်မှု ပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် အချိန်တော်တော်များကို ကန်ဒဲလ်နှင့် အတူ ကုန်ဆုံးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly