လာမည့် ၂ နှစ်အတွင်း ပေါင်သန်း ၂၀၀ တန်ကစားသမား ထွက်ပေါ်လာလိ့မ်မည်ဟု အေးဂျင့်ရွိုင်အိုလာ ပြောကြား

လာမည့် ၂ နှစ်အတွင်း ပေါင်သန်း ၂၀၀ တန်ကစားသမား ထွက်ပေါ်လာလိ့မ်မည်ဟု အေးဂျင့်ရွိုင်အိုလာ ပြောကြား

စက်တင်ဘာ ၆ ။              ။ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းဖြင့် မန်ယူအသင်းသို့ရောက်ရှိအောင် ပြုလုပ်ပေးခဲ့သည့် အေးဂျင့်ရွိုင်အိုလာက လာမည့် ၂ နှစ်အတွင်း ပေါင်သန်း ၂၀၀ တန်ကစားသမားထွက်ပေါ်လာလိ့မ်မည်ဟု ပြောဆိုလိုက်သည်။

ပေါ့ဂ်ဘာ၏အပြောင်းအရွှေ့သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဂါရတ်ဘေးလ်ကို ရီးယဲလ်အသင်းက စပါးမှခေါ်ယူခဲ့သည့် ပေါင် ၈၆ သန်းကို ကျော်ကာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး   ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

‘စီးပွားရေးအခြေအနေတွေက ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာပါ။ လာမယ့် ၂ နှစ် ၃ နှစ်အတွင်းမှာ ပေါင်သန်း ၂၀၀ တန်ကစားသမားကို မြင်တွေ့ရတော့မှာပါ။

အဲ့ဒီကစားသမားတွေက ဘရာဇီးကစားသမားတွေဖြစ်နိုင်ပါတယ်။ သူတို့က ထူးခြားမှုရှိတဲ့ ကစားသမားတွေပါ။ အံ့သြဖွယ်ရာခြေစွမ်းရှိတဲ့ နေမာလက်သစ်နဲ့ မက်ဆီလက်သစ်လို ကစားသမားလေးတွေပေါ့။ အင်္ဂလိပ်ကစားသမားတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက စိတ်ဝင်စားမှုအပေါ်မှာလည်း မူတည်ပါသေးတယ်’ ဟု ရွိုင်အိုလာက ဆိုခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ရုပ်သံဝင်ငွေတိုးတက်လာမှုနှင့်အတူ ပရီးမီးယားလိဂ်အသင်းများ၏ ယခုနှစ်အသုံးစရိတ်မှာ ပေါင် ၁ ဘီလီယံကျော်အထိ စံချိန်တင်ခဲ့ကြသည်။ ပရီးမီးယားလိဂ်အသင်း ၂၀ တွင် ၁၃ သင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားများ ခေါ်ယူခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly