ငွေကျပ် တစ်သောင်းတန်အတုများ ငွေလွှဲအပ်သူကို မကွေး(C.I.D)က ဆက်လက် စစ်ဆေးနေ

ငွေကျပ် တစ်သောင်းတန်အတုများ ငွေလွှဲအပ်သူကို မကွေး(C.I.D)က ဆက်လက် စစ်ဆေးနေ

မကွေး၊ စက်တင်ဘာ ၅ ။            ။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ စက်တင်ဘာ( ၁ )ရက်နေ့ မွန်းလွဲ ပိုင်းက ကမ္ဘောဇဘဏ်သို့ ငွေကျပ်တစ်သောင်း တန် အတု လာရောက်လွှဲအပ်သူ အမျိုးသားတစ်ဦးအား မင်းဘူးမြို့မ ရဲစခန်းမှ ဖမ်းဆီးအရေးယူထားပြီး ယင်း အမှုကို မကွေးတိုင်း(C.I.D)မှ လွှဲပြောင်း စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်၏ တာဝန် ပေးအပ်ချက်အရ အမှတ်(၂)မှုခင်း တပ်ဖွဲ့စု၊ မကွေး(C.I.D)မှ လွှဲ ပြောင်း စစ်ဆေး ဆောင်ရွက်ခြင်းနေခြင်း ဖြစ်သည်။

စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ဘဏ်မန်နေဂျာ ဦးကျော်ခိုင် က လူတစ်ဦး ငွေစက္ကူအတုဟု ယူဆရသော ငွေကျပ် တစ်သောင်းတန် အရွက် ၄ဝ အား ငွေလွှဲအပ်မှုပြုလုပ်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ မင်းဘူးမြို့မ ရဲစခန်းမှူး ရဲအုပ်ခိုင်လင်း၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်မိုးကျော်ဟိန်း တို့ ပါဝင်သော တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ ဆိုင်ကယ် ကယ်ရီသမား နီဝင်း(ခ) ဖိုးနီ (၃၃ နှစ်) ရေပုတ်ကျေး ရွာ မင်းဘူး မြို့နယ်နေသူအား တွေ့ရှိခဲ့ပြီး သက်သေများရှေ့ တွင် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ် အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ငွေကျပ် တစ်သောင်းတန် ၅၉ ရွက်နှင့်အတူ မောင်နီဝင်းအ မည် ပါ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ သိမ်းဆည်းရမိခဲ့မှုနှင့် ပတ်သက်၍ ငွေစက္ကူအတုဟု ယူဆရသော ငွေကျပ်တစ်သောင်းတန် ၅၉ ရွက်အား ငွေလွှဲအပ်ရန် ပြုလုပ်သူ နီဝင်း(ခ) ဖိုးနီအား အရေးယူပေးရန် ရဲအုပ် မိုးကျော်ဟိန်းက တရားလို ပြုတိုင်ကြားခဲ့ သော ကြောင့် မင်းဘူးမြို့မရဲတပ်ဖွဲ့ စခန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး မကွေးတိုင်း(C.I.D)မှ ဆက်စပ်တရားခံများ အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေး လျှက်ရှိကြောင်း မကွေးတိုင်း မှုခင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly