ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန်တို့ NRPC တွင် တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန်တို့ NRPC တွင် တွေ့ဆုံဆွေးနွေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာ ၅ ။              ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ ကိုဖီအာနန်တို့ စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေလီလမ်း ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မကြာမီ သတင်းထုတ်ပြန်သွားဖို့ ရှိနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြော ရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

" အဲ့ဒါတွေကို မကြာမီ သတင်းထုတ်ပြန်သွားဖို့ လုပ်နေပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်ပြီး အဖွဲ့ဝင် ကိုးဦး ပါဝင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မတီကို ပြီးခဲ့သည့် သြ ဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အနေနှင့် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက် မည်ဖြစ်ပြီး ခရီးစဉ်အတွင်း စစ်တွေ့မြို့ရှိ ပြည်သူလူထုနှင့်   တွေ့ဆုံသွားမည်ဖြစ်ကြောင်း  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သ တင်းထုတ်ပြန်ရေး ကော်မတီက ပြောကြားထားသည်။

ရခိုင်အင်အားကြီး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီအနေနှင့် ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ကို တွေ့ဆုံ သွားရန် မရှိကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က မဇ္ဈိမသို့ ပြောသည်။

" လူပုဂ္ဂိုလ်ဆိုရင်တောင် ကျွန် တော်တို့ ညှိရဦးမယ်။ ကော်မရှင်ဆိုရင်တော့ ပြတ်တယ်။ ကျွန်တော်တို့ ကြေညာချက် အတိုင်း ပဲ" ဟု ဒေါက်တာအေး မောင်က ပြောသည်။

စက်တင်ဘာ ၆ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော် မရှင် ကိစ္စ ဆွေးနွေးမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးလိုသူ အမတ်ပေါင်း ၃၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly